လူ့အခွင့်အရေးကိစ္စ ဖိအားပေးပြောကြားဖို့ သြစတြေးလျ ဝန်ကြီးချုပ်ကို စာပို့

သြစတြေးလျနိုင်ငံကို ဒီကနေ့ရောက်ရှိ မယ့် မြန်မာသမ္မတ ဦးသိန်းစိန် နဲ့ တွေ့ဆုံဆွေးနွေးတဲ့အခါ မြန်မာနိင်ငံက လူ့အခွင့်အရေး ကိစ္စတွေကို အဓိကထားဆွေးနွေးပြောကြားဖို့ ဝန်ကြီးချုပ် Julia Gillard ကို သြစတြေးလျမှာရှိတဲ့ မြန်မာ့အရေးဆောင် ရွက်တဲ့အဖွဲ့အစည်း ၁၅ ခုက စုပေါင်းလက်မှတ်ရေးထိုး ပန်ကြားတဲ့ အိတ်ဖွင့်ပေးစာတစောင်ကို ဒီကနေ့မှာ ပေးပို့ လိုက်ပါတယ်။

သြစတြေးလျနိုင်ငံကို မတ်လ ၁၇ ရက်နေ့က ရောက်ရှိလာတဲ့ သမ္မတ ဦးသိန်းစိန်ကို သြစတြေးလျရောက် မြန်မာများ၊ သံရုံးမိသားစုများနဲ့အတူ တွေ့ရပုံ photo: President Office Website

သြစတြေးလျနိုင်ငံကို ဒီကနေ့ရောက်ရှိမယ့် မြန်မာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံဆွေးနွေးတဲ့ အခါ မြန်မာနိင်ငံက လူ့အခွင့်အရေးကိစ္စတွေကို အဓိကထား ဆွေးနွေးပြောကြားဖို့ ဝန်ကြီးချုပ် Julia Gillard ကို သြစတြေးလျမှာရှိတဲ့ မြန်မာ့ အရေးဆောင်ရွက်တဲ့အဖွဲ့အစည်း ၁၅ ခုက စုပေါင်းလက်မှတ်ရေးထိုးပန်ကြားတဲ့ အိတ်ဖွင့်ပေးစာ တစောင်ကို ဒီကနေ့မှာ ပေးပို့လိုက်ပါတယ်။

လက်မှတ်ရေးထိုးရာမှာပါတဲ့ ဆစ်ဒနီမြို့ အခြေစိုက် မြန်မာ့အရေးဆောင်ရွက်နေတဲ့ Burma Office အဖွဲ့ ညွှန်ကြားရေးမှူး ဒေါက်တာမြင့်ချိုက RFA ကို ပြောပါတယ်။

"အခုလို သြစတြေးလျမှာ အခြေစိုက်ပြီးတော့ မြန်မာ့အရေးလှုပ်ရှားနေကြတဲ့ မြန်မာနိုင်ငံသား အဖွဲ့အစည်းတွေရော သြစတြေးလျ အဖွဲ့အစည်းတွေရော စုပေါင်းပြီးတော့ ဝန်ကြီးချုပ် Julia Gillard ကို စာရေးရတဲ့ အကြောင်းရင်းကတော့ တစ်ဖွဲ့ချင်းတစ်ဖွဲ့ချင်းက လက်ရှိမြန်မာနိုင်ငံ သုံးသပ်ခြင်းအပေါ်မှာ ထုတ်ပြန်ပုံတွေက အနည်းငယ်ကွာနေတဲ့ပေါ်မှာ အကုန်လုံးက အမြင်တူတယ်၊ အပြောင်းအလဲတွေပေါ်မှာ ကြိုဆိုပေမယ့် အများကြီး ပြဿနာတွေ ရှိနေသေးတဲ့အပေါ် ကျွန်တော်တို့ အသားပေးပြီး ပြောချင်လို့၊ အဓိက လူ့အခွင့်အရေး ချိုးဖောက်တဲ့ ပြဿနာတွေကို အဓိကထား ဖြေရှင်းစေချင်လို့၊ ဒီအပေါ်မှာ အားလုံးက သဘောတူညီတဲ့အတွက်ကြောင့် တစ်ဖွဲ့ချင်းမဟုတ်ပဲနဲ့ ဆယ့်ငါးဖွဲ့လုံးစုပေါင်းပြီးတော့ ဝန်ကြီးချုပ်ဆီကို အိတ်ဖွင့်ပေးစာ ပေးလိုက်ရတာဖြစ်ပါတယ်၊ ဒါဟာ အားလုံးရဲ့ တစ်စုတစ်စည်းတည်း သဘောတူညီတဲ့ အပိုင်းပါ"

ဒီအဖွဲ့တွေထဲမှာ တိုင်းရင်းသားအဖွဲ့အစည်းတွေဖြစ်တဲ့ KAA Australia နဲ့ Queensland  အခြေစိုက် ကချင်တိုင်းရင်းသားအဖွဲ့များ၊ KAP ကရင်နီနဲ့  AKA  Australia ကရင်တိုင်းရင်းသားအဖွဲ့တွေလဲ ပါဝင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org