မြန်မာ့လူ့အခွင့်အရေး ကုလဆုံးဖြတ်ချက် ဗြိတိန်ဝန်ကြီး ကြိုဆို
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေ နဲ့ပတ်သက်လို့ ကုလသမဂ္ဂအထွေထွေ ညီလာခံက ဆုံးဖြတ်ချက်ကို ဗြိတိသျှနိုင်ငံခြားရေးနဲ့ဓန သဟာယရုံးဝန်ကြီး မစ္စတာ ဟျူဂိုဆွိုင်းယားက မနေ့က ကြိုဆိုလိုက်ပါတယ်။
-
2014-11-23 -
-
-
ဗြိတိသျှနိုင်ငံခြားရေးနဲ့ ဓနသဟာယနိုင်ငံများ ဝန်ကြီးဌာန အာရှရေးရာ ဒုတိယဝန်ကြီး Mr Hugo Swire ဇန်နဝါရီလ ၂၉ ရက်နေ့က ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာ စိန့်ဂျိုးဇက် ကက်သလစ်အသင်းတော် ကယ်ဆယ်ရေးစခန်းကို သွားရောက်ခဲ့စဉ်
photo: RFA/ Kyaw Myo Min
မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေနဲ့ပတ်သက်လို့ ကုလသမဂ္ဂအထွေထွေညီလာခံက ဆုံးဖြတ်ချက်ကို ဗြိတိသျှနိုင်ငံခြားရေးနဲ ့ဓနသဟာယရုံးဝန်ကြီး မစ္စတာ ဟျူဂိုဆွိုင်းယားက မနေ့က ကြိုဆိုလိုက်ပါတယ်။
မြန်မာပြည်သူတွေအတွက် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းက အခုလို ထပ်မံ ကြိုးပမ်းဆောင်ရွက်လာတဲ့အပေါ် မိမိအနေနဲ့ အထူးကြိုဆိုတယ်လို့ဆိုပါတယ်။
ဒါ့အပြင် မြန်မာအစိုးရအနေနဲ့ ဒီနှစ်လိုအရေးကြီးတဲ့ ကာလမှာ ယုံကြည်စိတ်ချရတဲ့ ရွေးကောက်ပွဲကျင်းပပေး ဖို့၊ ကျန်နေတဲ့နိုင်ငံရေး အကျဉ်းသားအားလုံးလွှတ်ပေးဖို့ နဲ့ ရခိုင်ပြည်နယ်အရေးကို အထူးအလေးပေးဆောင်ရွက် ဖို့ လိုအပ်တယ်လို့ မစ္စတာဆွိုင်းယားကပြောပါတယ်။
မြန်မာနဲ့ပတ်သက်တဲ့ လူ့အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက်ကို နိုဝင်ဘာလ ၂၁ ရက်နေ့မှာ ကုလသမဂ္ဂအထွေထွေ ညီလာခံက ချမှတ်ခဲ့တာဖြစ် ပါတယ်။