HRW နဲ့ မြန်မာအစိုးရ လူ့အခွင့်အရေးအတွက် ပူးပေါင်းဆောင်ရွက်မည်


2014.02.28
hrw-phil-robertson-b305 ၂၀၁၂ ခုနှစ် ဇွန်လ ၂၆ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသည့် ကချင်စစ်ပြေးဒုက္ခသည်များ၏ အခြေအနေ အစီအရင်ခံစာ ထုတ်ပြန်ပွဲတွင် HRW အဖွဲ့ အာရှဒေသ လက်ထောက်ညွှန်ကြားရေးမှူး Phil Robertson က ရှင်းလင်း ပြောဆိုနေစဉ်။
RFA

လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံကလက်ရှိ ဖိနှိပ်ချုပ်ချယ်တဲ့ ဥပဒေတွေ၊ ခေတ်နဲ့မလျော်ညီတော့ တဲ့ ဥပဒေတွေကို ပယ်ဖျက် (သို့မဟုတ်) ပြင်ဆင်ဖို့ အတွက် ပူးပေါင်းဆောင်ရွက်ရန် မြန်မာအစိုးရထံက ကတိရရှိခဲ့ကြောင်း HRW လူ့အခွင့်အရေး စောင့်ကြည့် အဖွဲ့က ဒီနေ့ပြောကြားလိုက်ပါတယ်။

မြန်မာပြည်ကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း သွားရောက်ခဲ့ တဲ့ HRW အဖွဲ့ရဲ့ အာရှတိုက်ဆိုင်ရာ လက်ထောက် ညွှန်ကြားရေးမှူး Mr. Phil Robertson က RFA ရုံးချုပ်ကို ဒီကနေ့ လာရောက်ခဲ့စဉ်မှာ အခုလို ပြော ကြားလိုက်တာပါ။

ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားဖို့ မြန်မာအစိုးရထံ က ကျနော်တို့ ကတိစကားရခဲ့ပါတယ်။ ဒီအတွက် ကျနော်တို့ဘက်က အသေးစိတ်ပြင်ဆင်ရမယ်၊ အဲဒါတွေကတော့ ကျန်နေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေးကိစ္စ၊ အခုနောက်ပိုင်း ဖိနှိပ်မှုပုံစံသစ်နဲ့ပေါ်ထွက်လာတဲ့ လွတ်လပ်စွာစုဝေးဆန္ဒပြခွင့်ကို ထိန်းချုပ်ထားတဲ့ ပုဒ်မ ၁၈ ကို ပြင်ဆင်ရေး ကိစ္စနဲ့ လူ့အခွင့်အရေးကို ဖိနှိပ်ချုပ်ချယ်ရာရောက်နေတဲ့ တခြားဥပေဒတွေကို ပူးပေါင်းပြင်ဆင်ရေး ကိစ္စတွေဖြစ်တယ်လို့ သူက ပြောသွားတာပါ။

ဒါ့အပြင် မကြာသေးခင်ရက်ပိုင်းအတွင်း သမ္မတ ဦးသိန်းစိန်က လွှတ်တော်ကို ပေးပို့လိုက်တဲ့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး ဥပဒေနဲ့ ပတ်သက်လို့ မေးမြန်းရာမှာတော့ အဲဒီ ဥပဒေကို  ပြဌာန်းလိုက်မယ် ဆိုရင် မြန်မာပြည်သူတွေအနေနဲ့ အကြီးအကျယ် လူ့အခွင့်အရေး ချိုးဖေါက်ခံရမှာဖြစ်တဲ့အတွက် ဒါဟာ သိပ်ကောင်းတဲ့ အတွေးအခေါ် မဟုတ်ပါဘူးလို့ Phil Robertson က ပြောပါတယ်။

HRW လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ရဲ့ အာရှတိုက်ဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး မစ္စတာ Phil Robertson နဲ့ တွေ့ဆုံမေးမြန်းခန်း အပြည့်အစုံကို နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။