မြန်မာနိုင်ငံက ကျောင်းတွေမှာ လူ့အခွင့်အရေး သင်ကြားတော့မည်
လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ကမ္ဘာ့အလယ်မှာ တချိန်ကအထီးကျန်ဖြစ် ခဲ့ရတဲ့ မြန်မာနိုင်ငံကကျောင်းတွေမှာ လူ့အခွင့်အရေး အကြောင်း ထည့်သွင်းသင်ကြားပေးတော့မယ်လို့ သိရပါတယ်။
-
2013-06-20 -
-
-
လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ကမ္ဘာ့အလယ်မှာ တချိန်ကအထီးကျန်ဖြစ်ခဲ့ရတဲ့ မြန်မာနိုင်ငံကကျောင်းတွေမှာ လူ့အခွင့်အရေးအကြောင်း ထည့်သွင်းသင်ကြားပေးတော့မယ်လို့ သိရပါတယ်။
အစိုးရလူ့အခွင့်အရေးကော်မရှင် ဥက္ကဌ ဦးဝင်းမရက မူလတန်းကျောင်း သင်ရိုးညွှန်းတမ်းတွေမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးကြေညာစာတမ်းကို ထည့်သွင်းပြဌာန်းဖို့ ပညာရေးဝန်ကြီးဌာနနဲ့ ညှိနိုင်းပြီးပြီဖြစ်ကြောင်း မနေ့ကပြောဆိုပါတယ်။
ပထမဆုံးအကြိမ်အဖြစ် မြန်မာဘာသာပြန်ဆိုထားတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကြေညာစာတမ်းဖြန့်ချိပွဲကို မနေ့ကကျင်းပခဲ့ရာမှာ သူက အခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။
အဲဒီမြန်မာဘာသာပြန်စာတမ်း စောင်ရေ ၃ သောင်းကို အစိုးရဌာနတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ စာသင်ကျောင်းတွေကို ဝေငှမယ်လို့လည်း သိရပါတယ်။