လူမျိုးဘာသာပေါင်းစုံ ယှဉ်တွဲနေထိုင်ခြင်းကောင်းကျိုး မန္တလေးမြို့မှာ ဆွေးနွေး

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး နဲ့ မြန်မာ-အမေရိကန် ချစ်ကြည်ရေး အသင်းက ကြီးမှူးပြီး "ကွဲပြားစုံလင်မှုတို့ ပေါင်း စုံခြင်း" ဆိုတဲ့ ခေါင်းစဉ်နဲ့ မြန်မာနိုင်ငံမှာ လူမျိုးဘာသာပေါင်း စုံ အတူယှဉ်တွဲနေထိုင်ခြင်းရဲ့ ကောင်းကျိုးတွေကို မန္တလေး မြို့က ဂျက်ဖာဆင်စင်တာမှာ ဆွေးနွေးနေကြပါတယ်။

"ကွဲပြားစုံလင်မှုတို့ ပေါင်းစုံခြင်း" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲ ကို မေလ ၁၆ ရက်နေ့က မန္တလေးမြို့မှာ ပြုလုပ်စဉ် photo:Nay Thwae/RFA

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးနဲ့ မြန်မာ-အမေရိကန် ချစ်ကြည်ရေးအသင်းက ကြီးမှူးပြီး "ကွဲပြားစုံလင်မှုတို့ ပေါင်းစုံခြင်း" ဆိုတဲ့ ခေါင်းစဉ် နဲ့ မြန်မာနိုင်ငံမှာ လူမျိုးဘာသာပေါင်းစုံ အတူ ယှဉ်တွဲနေထိုင်ခြင်းရဲ့ ကောင်းကျိုးတွေကို မန္တလေး မြို့က ဂျက်ဖာဆင်စင်တာမှာ ဆွေးနွေးနေ ကြပါတယ်။

လူမျိုးမတူ ဘာသာမတူသူတွေ ယှဉ်တွဲနေထိုင်နေ တာဟာ မြန်မာနိုင်ငံရဲ့ အားနည်းချက် မဟုတ်ဘဲ အားသာချက်ဖြစ် တယ်ဆိုတာကို အလေးထားဆွေးနွေး ကြတာလို့ မြန်မာ-အမေရိကန် ချစ်ကြည်ရေးအသင်း က ကိုမျိုးဝင်းက ပြော ပါတယ်။

မနေ့ကစလို့ သုံးရက်ကြာကျင်းပနေတဲ့ အဲ့ဒီဆွေးနွေးပွဲ မှာ ဘာသာကြီးလေးခုက ခေါင်းဆောင်တွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊ တိုင်းရင်းသားတွေ၊ ဥပဒေပညာရှင်တွေ ၇ဝ လောက် တက်ရောက်နေကြတာဖြစ် ပြီး၊ မတူကွဲပြား သူတွေ ရေရှည်အတူယှဉ်တွဲနေထိုင်နိုင်ရေး၊ ဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာနဲ့စိန်ခေါ်မှုတွေကို အဖြေရှာ ဖို့ ဆွေးနွေး ကြသလို တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကိုလည်း ဆွေးနွေးကြတယ် လို့ သိရပါတယ်။

ဒီအကြောင်း RFA သတင်းထောက် မဝေမာထွန်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org