လှည်းကူးမြို့မှာ ရပ်ထားတဲ့ စစ်ကောင်စီကားပေါ် ပေါက်ကွဲမှုဖြစ်

2021.08.31
လှည်းကူးမြို့မှာ ရပ်ထားတဲ့ စစ်ကောင်စီကားပေါ် ပေါက်ကွဲမှုဖြစ် ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ထဲက ပြည်တော်သာရပ်ကွက်မှာ ၂၀၂၁၊ သြဂုတ် ၃၁ ရက်နေ့က စစ်ကောင်စီရဲ့ကားပေါ် မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့စဉ်
Photo: Citizen Journalist

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ထဲက ပြည်တော်သာရပ်ကွက်မှာ ဩဂုတ်လ ၃၁ ရက် ဒီနေ့ မနက် ၁၀ နာရီခွဲ ကျော်ခန့်က ရပ်ထားတဲ့ စစ်ကောင်စီရဲ့ကားပေါ် ပေါက်ကွဲမှုဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သားတစ်ဦး ဒဏ်ရာ ရခဲ့တယ်လို့ လှည်းကူးဒေသခံက RFA ကို ပြောပါတယ်။

"စစ်ကားက စစ်ကား ဟိုင်းလတ်အသေး၊ ရပ်ထားတုန်း ပစ်ထည့်သွားတယ်လို့ ပြောတယ်၊ ကားထဲမှာ စစ်သား ငါးယောက်လောက် ပါတယ်၊ ကားရဲ့အရှေ့ပိုင်းက ပျက်စီးသွားတယ်၊ မှန်တွေလည်း ကွဲတယ်၊ အခု တပ်ကရောက်နေပြီ" လို့ ဒေသခံက ပြောပါတယ်။

လှည်းကူးမြို့၊ ပြည်တော်သာရပ်ကွက် (အလယ်ပိုင်း) မင်းလမ်းထဲက စတားမောင်မောင် ဆိုင်နားမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒဏ်ရာရသွားတဲ့ စစ်သားတစ်ဦးကို အိမ်စီးကားတစ်စီးနဲ့ သယ်ဆောင်သွားတယ်လို့ ဒေသခံကဆိုပါတယ်။

ဒီပေါက်ကွဲမှုကို ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တာလဲဆိုတာတော့ မသိရဘူးလို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

လက်ရှိမှာ ပေါက်ကွဲမှုဖြစ်တဲ့ နေရာတစ်ဝိုက်ကို စစ်ကောင်စီဩဇာခံ တပ်မ (၁၁) က တပ်ရင်းမှူးဦးစီး အဖွဲ့ဝင်တွေ ရောက်လာပြီး အနီးအနားမှာရှိတဲ့ CCTV မှတ်တမ်းတွေနဲ့ လမ်းသွားလမ်းလာတွေကိုပါ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။