စစ်တပ်နဲ့ ရဲ လှိုင်သာယာမှာ ဒီနေ့ဆန္ဒပြသူတွေကို ပစ်ခတ်ဖြိုခွဲနေ

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်က ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က မတ် ၁၆ ရက် ဒီနေ့ မနက် ၁၀ နာရီ လောက်တည်းက အကြမ်းဖက် ပစ်ခတ်ဖြိုခွဲနေပြီး ရပ်ကွက်တွေထဲအထိ စစ်သားအများအပြားက လိုက်လံပစ်ခတ် နေကြောင်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်မှာ စစ်တပ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြနေသူတွေကို ၂၀၂၁၊ မတ် ၁၄ ရက်နေ့မှာ ရဲတပ်ဖွဲ့က ဖြိုခွင်းစဉ်

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်က ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က မတ် ၁၆ ရက် ဒီနေ့ မနက် ၁၀ နာရီလောက်တည်းက အကြမ်းဖက် ပစ်ခတ်ဖြိုခွဲနေပြီး ရပ်ကွက်တွေထဲအထိ စစ်သားအများအပြားက လိုက်လံပစ်ခတ်နေကြောင်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

လှိုင်သာယာမြို့နယ်မှာ နေထိုင်ကြတဲ့ ရွှေ့ပြောင်းအလုပ်သမား မိသားစုတွေ သိန်းချီပြီး နေရပ်ကို ထွက်ပြေးဖို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။ မနက် ၅ နာရီခွဲလောက်တည်းက လှိုင်သာယာပြည်သူတွေ ထွက်ပြေး နေကြတာ ဒီနေ့ နေ့လယ်အထိ အများအပြားဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ် ၁၄ ရက်နေ့က ရဲနဲ့စစ်သားတွေရဲ့ ကျည်အစစ်တွေနဲ့ ပစ်ခတ်မှုကြောင့် လှိုင်သာယာမြို့နယ်က သပိတ်မှောက်ပြည်သူတွေ ရာနဲ့ချီပြီး သေဆုံးဒဏ်ရာရခဲ့ပါတယ်။

စစ်ကောင်စီကတော့ လှိုင်သာယာမြို့နယ်အပါအဝင် ရန်ကုန်တိုင်းထဲက မြို့နယ်တချို့ကို စစ်အုပ်ချုပ်ရေး ကြေညာထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org