အစိုးရတပ်နဲ့ DKBA အကြား တိုက်ပွဲတွေကြောင့် ကျိုက်မရော စာသင်ကျောင်းတွေပိတ်ထားရ
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ အစိုးရစစ်တပ်နဲ့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်တို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကျေးရွာ ၃၀ ကျော်က စာသင်ကျောင်းတွေကို ရက်အကန့်အသတ်မရှိ ပိတ်ထားပါတယ်။
-
2014-09-30 -
-
-
Your browser doesn’t support HTML5 audio
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ အစိုးရစစ်တပ်နဲ့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်တို့အကြား ဖြစ် ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကျေးရွာ ၃၀ ကျော်က စာသင်ကျောင်းတွေကို ရက်အကန့်အသတ်မရှိ ပိတ်ထားပါတယ်။
လုံခြုံရေးအတွက် စိတ်ချရတဲ့အခြေအနေရောက်မှ စာသင်ကျောင်းတွေကို ပြန်ဖွင့်မှာဖြစ်တယ်လို့ ကျိုက်မရောမြို့နယ် ဒုတိယပညာရေးမှူး ဦးအောင်နိုင်ဦးက ပြောပါတယ်။
"ကျောင်းသားတွေကျတော့ ကြိုပြီးတော့ ကျနော်တို့ လုံခြုံရေးလုပ်ထားတယ်၊ ကျောင်းသားတွေ ကတော့ အထိအခိုက်ကတော့ဘာမှမရှိဘူး၊ ဖွင့်ဖို့ရက်အကန့်အသတ် မရှိဘူးပြောတာ၊ ကျနော် တို့ပြည်သူ၊ ဒေသခံမြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်ရဲမှူးတို့ရဲ့ လုံခြုံရေးစိတ်ချရပြီဆိုတဲ့ သတင်းရမှ ကျနော်တို့ ပြန်ဖွင့်ဖို့ို့ မြို့နယ်ပညာရေးမှူးက မနက်ကအစည်းအဝေးမှာ ပြောထားတယ်"
ကျိုက်မရောမြို့နယ် ရွှေဝါချောင်း၊ ကလိုင်းကနိုင်၊ ကော့ဒူ၊ ကရင်လှိုင်၊ ဗမာလှိုင်၊ နိတုံ၊ ကတုံစိ၊ သရက် နှစ်ခွစတဲ့ကျေးရွာ ၃၀ လောက်က မူလတန်းကျောင်း ၃၀နီးပါးကို ပြီးခဲ့တဲ့စက်တင်ဘာလ ၂၇ ရက်နေ့ ကစပြီး ပိတ်ထားတာဖြစ်ပါတယ်။
အစိုးရစစ်တပ်နဲ့ ဒီကေဘီအေတပ်တွေဟာ ဘားအံ၊ ကော့ကရိတ်၊ မြဝတီ၊ ကြာအင်းဆိပ်ကြီးနဲ့ ကျိုက်မရောစတဲ့ မြို့တွေမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၀ ရက်နေ့လောက်ကစပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။
ဒီသတင်းနဲ့ပတ်သက်ပြီး RFA သတင်းထောက် ကိုကျော်ထွန်းနိုင် သတင်းပေးပို့ချက်ကို နားဆင် နိုင်ပါတယ်။
ဒီအကြောင်း မခင်ခင်အိ စုစည်းတင်ပြထားတာတွေကိုလည်း နားဆင်နိုင်ပါတယ်။