ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်မှုညွှန်းကိန်းမှာ မြန်မာ နံပါတ် ၉ အဆိုးဆုံးနေရာမှာရှိ

ကမ္ဘာတစ်ဝန်းမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ထိခိုက်သေဆုံးမှုအခြေအနေကို လေ့လာပြီး နိုင်ငံအလိုက် အဆင့်သတ်မှတ်ထုတ်ပြန်တဲ့ ကမ္ဘာလုံးဆိုင်ရာအကြမ်းဖက်မှုညွှန်းကိန်း (Global terrorism Index) ရဲ့ ၂၀၂၂ ခုနှစ်အတွက် အစီရင်ခံစာကို မတ်လ ၂ ရက်နေ့က ထုတ်ပြန်လိုက်ရာမှာ မြန်မာနိုင်ငံဟာ ထိခိုက်သေဆုံးမှု အများဆုံး ၁၀ နိုင်ငံစာရင်းထဲမှာ ပထမဆုံးအကြိမ် ပါဝင်လာပါတယ်။

Photo: Global terrorism Index

မြန်မာနိုင်ငံမှာ ၂၀၂၀ ပြည့်နှစ်က အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ ၂၄ ဦးသာ ရှိခဲ့ရာက၊ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ်မှာတော့ သေဆုံးမှု အဆ ၂၀ တိုး လာခဲ့ပါတယ်။ ဒါဟာ ကမ္ဘာ့နိုင်ငံ အားလုံးထဲမှာ အရေအတွက်အများဆုံး တိုးလာတာ ဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

၂၀၂၁ ခုနှစ်က မြန်မာနိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်မှု အနည်းဆုံး ၇၅၀ ဖြစ်ပွားခဲ့ရာမှာ အသက်သေဆုံးသူ ၅၂၁ ဦးနဲ့ ဒဏ်ရာရှိသူ ၃၅၁ ဦး အထိ ရှိခဲ့တဲ့အတွက် ကမ္ဘာပေါ်မှာ အကြမ်းဖက်မှုကြောင့်ထိခိုက်မှု ၉ နိုင်ငံမြောက် အများဆုံးဖြစ်ခဲ့ကြောင်းနဲ့ အခုနှစ်မှာလည်း နိုင်ငံရေးအခြေအနေ မသေချာမှုတွေကြောင့် ထိခိုက်သေဆုံးမှု အရေအတွက် တိုးလာမယ်လို့ ယူဆရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်က ကမ္ဘာတစ်ဝှမ်းမှာ အကြမ်းဖက်တိုက်ခိုက်မှု ၅၂၂၆ ခု ဖြစ်ပွားခဲ့ပြီး ဒီအထဲမှာ ထိခိုက်သေဆုံးမှု အများဆုံးက အာဖဂန်နစ္စတန်၊ ဒုတိယအများဆုံးက အီရန်နဲ့ တတိယအများဆုံးကတော့ ဆိုမားလီးယား ဖြစ်ပါတယ်။ မြန်မာနိုင်ငံက နံပါတ် ၉ နေရာမှာရှိပြီး နံပတ် ၁၀ ကတော့ ပါကစ္စတန်ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org