ကမ္ဘာ့ရံပုံငွေအဖွဲ့ မြန်မာနိုင်ငံကို တိုးမြှင့်ကူညီ

Global Fund ကမ္ဘာ့ရန်ပုံငွေအဖွဲ့ ဟာ မြန်မာနိင်ငံက HIV, TB နဲ့ ငှက်ဖျား စတဲ့ ရောဂါကြီးသုံးမျိုး တိုက်ဖျက်ရေး လုပ်ငန်းတွေအတွက် လေးနှစ်စာ တိုးမြှင့်ရန်ပုံငွေအဖြစ် အမေရိကန်ဒေါ်လာ ၃၁၅ သန်းကျော် ထောက်ပံ့ကူညီ လိုက်ကြောင်း ကုလသမဂ္ဂ အေအိုင်ဒီအက်စ်ရောဂါ တိုက်ဖျက်ရေးအဖွဲ့ UNAIDS က သတင်းထုတ်ပြန်ပါတယ်။

Global Fund ကမ္ဘာ့ရန်ပုံငွေအဖွဲ့ဟာ မြန်မာနိင်ငံက HIV, TB နဲ့ ငှက်ဖျားစတဲ့ ရောဂါကြီး သုံးမျိုးတိုက်ဖျက်ရေး လုပ်ငန်းတွေအတွက် လေးနှစ်စာ တိုးမြှင့်ရန်ပုံငွေအဖြစ် အမေရိကန်ဒေါ်လာ ၃၁၅ သန်းကျော် ေထာက်ပံ့ကူညီလိုက်ကြောင်း ကုလသမဂ္ဂ အေအိုင်ဒီအက်စ်ရောဂါ တိုက်ဖျက်ရေးအဖွဲ့ UNAIDS က သတင်းထုတ်ပြန်ပါတယ်။

ကမ္ဘာ့ရန်ပုံငွေဘုတ်အဖွဲ့က ခွင့်ပြုလိုက်တာဖြစ်ပြီး HIV ရောဂါတိုက်ဖျက်ရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၁၆ဝ ကျော်ရရှိမှာဖြစ်ပြီး ဒီရန်ပုံငွေနဲ့ HIV ရောဂါကာကွယ်ရေးနဲ့ ကုသရေးလုပ်ငန်းတွေကို တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ဒါ့အပြင် ၂ဝ၁၆ အတွက် အမျိုးသားရည်မှန်းချက်ဖြစ်တဲ့ မူးယစ်ဆေးသုံးရာက ရောဂါကူးစက်တာကိုလျှော့ချရေး၊ မက်သတုန်းဆေး တိုက်ကျွေးရေးအစီအစဉ်၊ မွေးကင်းစကလေးတွေ ရောဂါကူးစက်တာနဲ့ HIV, TB ရောဂါ ပူးတွဲကူးစက်ခံရမှု ကာကွယ်ရေးနဲ့ HIV ဆိုင်ရာ ပညာပေးရေးနဲ့ စစ်ဆေးရေးလုပ်ငန်းတွေကို ဒေသအနှံ့ဆောင်ရွက်နိုင်မယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org