ဂျာမနီအစိုးရက မြန်မာနိုင်ငံကို ယူရိုငွေ ၁၂ သန်းခွဲ အကူအညီပေးဖို့ ကတိပြု

မြန်မာနိုင်ငံမှာ အသေးစားနဲ့ အလတ်စား ပုဂ္ဂလိကလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လာမယ့်နှစ်ခွဲကာလအတွင်း ယူရိုငွေ ၁၂ သန်း ခွဲ ထောက်ပံ့ကူညီမယ်လို့ ဂျာမနီအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Germany Int'l Co operation Agency) က ဒီကနေ့ ကတိပြု ပြောကြားလိုက် ပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ ချယ်ရီကွင်း ဟိုတယ်တွင် ဇွန်လ ၂၀ ရက်က Germany Int'l Co operation Agency(GIZ)မှ အလုပ်ရုံဆွေးနွေးပွဲကျင်းပနေစဉ်။ photo: RFA/ Kyaw Myo Tun

မြန်မာနိုင်ငံမှာ အသေးစားနဲ့ အလတ်စား ပုဂ္ဂလိကလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လာမယ့်နှစ်ခွဲကာလအတွင်း ယူရိုငွေ ၁၂ သန်းခွဲ ထောက်ပံ့ကူညီမယ်လို့ ဂျာမနီအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Germany Int'l Co operation Agency) က ဒီကနေ့ ကတိပြု ပြောကြားလိုက်ပါတယ်။

ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ဒီနေ့ကျင်းပတဲ့ ဆွေးနွေးပွဲအတွင်း အဲဒီအဖွဲ့ရဲ့အစီအစဉ်မှူး Mrs. Irina Scheffmann က ဘာသာပြန်ကတဆင့် RFA ကို ပြောပါတယ်။

“မြန်မာတစ်ပြည်လုံးမှာ ဖြန့်ပြီးလုပ်ဖို့ဆိုတာ မလွယ်သေးပါ၊ ဒါကြောင့် အဓိကလုပ်လို့ရမယ့်နေရာတွေ ဘယ်နေရာမျိုးတွေမှာ ထိထိရောက်ရောက် လုပ်နိုင်မလဲဆိုတာ ပြီးခဲ့တဲ့နှစ်ကာလမှာပဲ အလုပ်ရုံဆွေးနွေးပွဲတွေလုပ်ခဲ့ပြီးတော့ နေရာဒေသတွေရွေးချယ်ပါတယ်၊ အဲဒီရွေးချယ်တဲ့နေရာတွေထဲကမှ ဘယ်လိုကဏ္ဍတွေ၊ ဘယ်လိုလုပ်ငန်းမျိုးတွေ လုပ်ကိုင်မလဲဆိုတာ ထပ်ပြီးတော့ဆွေးနွေးရွေးချယ်ခဲ့ပါတယ်၊ ဒီနေ့လုပ်တဲ့ပွဲဟာလည်း အဲဒီထဲကအဆင့်တစ်ခု၊ အဲဒီထဲကမှ ခွဲဝေသုံးစွဲမှာပါ”

ပုဂ္ဂလိက အသေးစားနဲ့ အလတ်စား လုပ်ငန်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တွေကို လောလောဆယ် ရန်ကုန်၊ နေပြည်တော်၊ တောင်ကြီးနဲ့ ဆင်တဲမြို့တွေမှာ ထောက်ပံ့ကူညီဖို့ စီစဉ်နေပြီလို့လည်း ဂျာမနီ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org