မြန်မာမှာ လိင်ခွဲခြားမှု ဂျပန်လောက် မမြင့်မား

မြန်မာနိုင်ငံရဲ့ ကျား/မ ခွဲခြားဆက်ဆံပုံဟာ ဂျပန်မှာလောက် မဆိုးဘူးလို့ ဒေါ်အောင် ဆန်းစုကြည်က ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ကျား/မ ခွဲခြားဆက်ဆံပုံဟာ ဂျပန်မှာလောက် မဆိုးဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဂျပန်နိုင်ငံ ကျိုတိုမြို့ ကျိုတိုတက္ကသိုလ်က ဆရာ၊ ဆရာမတွေ အပါအဝင် ကျောင်းသူ၊ ကျောင်းသား ၅ဝဝ ကျော်နဲ့တွေ့ဆုံရာမှာ ပြောကြားခဲ့တာပါ။

ပြီးခဲ့တဲ့ သုံးလေးနှစ်အတွင်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ လူမှုရေး အသွင်အကူးအပြောင်းမှာ

“မြန်မာအမျိုးသမီးတွေရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ရာမှာ မြန်မာနိုင်ငံမှာ ကျား/မခွဲခြားဆက်ဆံတာမျိုးမရှိပဲ  မြန်မာအမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ တန်းတူလုပ်ကိုင်ဆောင်ရွက်နိုင်ကြတယ်လို့ ထင်မြင်ယူဆနေတဲ့သူတွေ အများအပြားရှိပါတယ်၊ အဲဒါမမှန်ပါဘူး၊ ဒါပေမဲ့ ကျား/မခွဲခြားမှုဟာ ဒီနိုင်ငံမှာလောက်တော့ မကြီးမားလှပါဘူး၊ သုတေသနနဲ့ ကိန်းဂဏန်းတွေအရ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေမှာ လိင်ခွဲခြားမှု အတော်လေးမြင့်မားနေတယ်လို့ တွေ့ရပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ လွှတ်တော်အမတ်ပေါင်း ၆၆၄ ယောက်ရှိရာမှာ အမျိုးသမီးအမတ် အလွန်နည်းပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ် ကြားဖြတ်ရွေးကောက်ပွဲ အမတ်နေရာ ၄၅ နေရာမှာ NLD ပါတီက ၄၃ နေရာ အရွေးခံခဲ့ရရာမှာ အမျိုးသမီး ၁၃ ယောက်ပါဝင်ခဲ့ပါတယ်။ မြန်မာပြည်မှာ ကျား/မ လိင်ခွဲခြားမှု ကွာဟချက် ကျဉ်းမြောင်းသွားအောင် ဆက်လက်ဆောင်ရွက်ရမှာဖြစ်ပေမဲ့၊ ဂျပန်နဲ့ တောင်ကိုရီးယားထက်တော့ အခြေအနေပိုကောင်းပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

စီးပွားရေးကောင်းလာလေလေ လိင်ခွဲခြားမှု ကျဉ်းမြောင်းလာလေလေဆိုတဲ့ စီးပွားရေးပညာရှင်တချို့ရဲ့အဆိုကို ဒေါ်အောင်ဆန်းစုကြည်က လက်မခံပါဘူး။ လိင်ခွဲခြားမှုဟာ စီးပွားရေးအခြေအနေပေါ်မှာ တိုက်ရိုက်အကြောင်းခံတယ်ဆိုရင် ဂျပန်နဲ့ တောင်ကိုရီးယားမှာ လိင်ခွဲခြားမှု ဘာကြောင့်အကြီးမားဆုံး ဖြစ်နေရတာပါလဲ၊ ဒီကိစ္စဟာ စီးပွားရေးကြောင့်မျှသာ မဟုတ်ပါဘူး၊ လူမှုရေးတန်ဖိုးထားပုံတွေလည်း ပါဝင်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org