ဖရူဆိုရွာ အစုအပြုံလိုက်သတ်ဖြတ်ခံရမှု ရုပ်အလောင်း ၃၃ ခုနဲ့ အပိုင်းအစတွေကို သင်္ဂြိုဟ်

ကယားပြည်နယ် ဖရူဆိုမြို့နယ် မိုဆိုကျေးရွာအနီးမှာ ဒီဇင်ဘာ ၂၄ က အစုလိုက် အပြုံလိုက် မီးရှို့ခံထားရတဲ့ ရုပ်အလောင်း ၃၃ လောင်းနဲ့ ရုပ်အလောင်းအပိုင်း အစတွေကို ဒီဇင်ဘာလ ၂၉ ရက် ဒီနေ့ မနက် ၁၀ နာရီခွဲမှာ ဒေသခံတွေက မြေမြှုပ်သင်္ဂြိုဟ်ပေးခဲ့ကြပါတယ်။

ဖရူဆိုမြို့နယ် မိုဆိုရွာနားမှာ ၂၀၂၁ ဒီဇင်ဘာ ၂၄ ရက်က အစုလိုက်အပြုံလိုက် သတ်ဖြတ်မီးရှို့ခံရတဲ့ ရုပ်အလောင်းတွေကို ၂၀၂၁ ဒီဇင်ဘာလ ၂၉ ရက်က မြေမြှုပ်သဂြိုလ်စဉ် Photo - Citizen Journalist

ကယားပြည်နယ် ဖရူဆိုမြို့နယ် မိုဆိုကျေးရွာအနီးမှာ ဒီဇင်ဘာ ၂၄ က အစုလိုက်အပြုံလိုက် မီးရှို့ခံထားရတဲ့ ရုပ်အလောင်း ၃၃ လောင်းနဲ့ ရုပ်အလောင်းအပိုင်းအစတွေကို ဒီဇင်ဘာလ ၂၉ ရက် ဒီနေ့ မနက် ၁၀ နာရီခွဲမှာ ဒေသခံတွေက မြေမြှုပ်သင်္ဂြိုဟ်ပေးခဲ့ကြပါတယ်။

ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ ရုပ်အလောင်းတွေကို ခက်ခက်ခဲခဲ သင်္ဂြိုဟ်ပေးခဲ့ရတယ်လို့လည်း လိုက်ပါ ပို့ဆောင်ပေးခဲ့တဲ့ ဒေသခံ တစ်ဦးက ပြောပါတယ်။

"အလောင်းသယ်ဖို့လဲ တော်တော်ခက်ခဲတယ်။ ၂ ရက် ၃ ရက်တောင်ကြာတယ်။ သူတို့အပိုင်းအစ အကျိုးအပဲ့တွေကော အကုန်သယ်ပြီး သင်္ဂြိုဟ်တယ်"

မီးရှို့သတ်ဖြတ်ခံရတဲ့သူတွေထဲမှာ Save the Children ရဲ့ ဝန်ထမ်းနှစ်ဦးလည်း ပါဝင်ကြောင်း Save The Children ကထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာလ ၂၄ ရက် ခရစ္စမတ်အကြိုနေ့မှာ မိုဆိုရွာအနီး တိုက်ပွဲဖြစ်ချိန် စစ်ဘေးရှောင်ရင်း ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ အပါအဝင် လူ ၃၅ ဦးထက်မနည်းဟာ စစ်တပ်ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အသက် သေဆုံးခဲ့ရတာလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒီဒေသခံတွေဟာ တိုက်ပွဲအတွင်း အပြန်အလှန် ပစ်ခတ်ရင်း သေဆုံးတာလို့ RFA ကို ပြောဆိုထားပြီး ကူညီကယ်ဆယ်ရေးလုပ်နေသူတွေ ပါဝင်တယ် ဆိုတဲ့အချက်ကိုတော့ တုံ့ပြန်ပြောဆိုတာမရှိပါဘူး။

အခုလို ကလေးငယ်တွေ၊ အမျိုးသမီးတွေနဲ့ နိုင်ငံတကာလူမှုကူညီရေးအဖွဲ့ တစ်ခုဖြစ်တဲ့ Save the Children အဖွဲ့က ဝန်ထမ်းနှစ်ဦးအပါအဝင် လူနည်းဆုံး ၃၅ ဦး အသတ်ခံခဲ့ရတဲ့ကိစ္စကို အမေရိကန်ပြည်ထောင်စုက ပြစ်တင်ရှုတ်ချတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်က ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ပြောဆိုထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org