မြန်မာ့ဒီမိုကရေစီ လမ်းကြောင်း သွေဖယ်စပြုလာ တယ်လို့ အစီရင်ခံစာ သစ်ထောက်ပြ

စစ်တပ်က တစ်စိတ်တစ်ပိုင်း အာဏာစွန့်ပြီး အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံမှာ အစိုးရက ဒီမိုကရေစီလမ်းကြောင်းကနေ သွေဖယ်စပြုလာတာကိုတွေ့ရပြီး စာနယ်ဇင်းတွေနဲ့ ဆန္ဒပြသူတွေကို ပိုမိုဖိနှိပ်ကန့်သတ် တာတွေ များလာနေတယ်လို့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့မှာ အခြေစိုက်တဲ့ Freedom House လူ့အခွင့်အရေးအဖွဲ့က ပြောကြားလိုက်ပါတယ်။

စစ်တပ်က တစ်စိတ်တစ်ပိုင်း အာဏာစွန့်ပြီး အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံမှာ အစိုးရက ဒီမိုကရေစီလမ်းကြောင်း ကနေ သွေဖယ်စပြုလာတာကိုတွေ့ရပြီး စာနယ်ဇင်းတွေနဲ့ ဆန္ဒပြသူတွေကို ပိုမိုဖိနှိပ်ကန့်သတ်တာတွေ များလာနေတယ်လို့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့မှာ အခြေစိုက်တဲ့ Freedom House လူ့အခွင့်အရေးအဖွဲ့က ပြောကြားလိုက်ပါတယ်။

ဒီကနေ့ထုတ်ပြန်တဲ့ ၂ဝ၁၅ ကမ္ဘာ့လွတ်လပ်ခွင့် အခြေနေပြ နှစ်ပတ်လည် အစီရင်ခံစာသစ်မှာ အခုလို ရေးသားဖော်ပြလိုက်တာဖြစ်ပြီး လူနည်းစု ရိုဟင်ဂျာမွတ်စလင်တွေအပေါ် အကြမ်းဖက်တာနဲ့ တရားဝင် ကန့်သတ်ခွဲခြားမှုတွေ ဆက်ပြီးရှိနေကြောင်း၊ ဘာသာကူးပြောင်းခွင့်နဲ့ ဘာသာခြား လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေစတဲ့ ဘာသာရေးလွတ်လပ်ခွင့်ကို ကန့်သတ်တဲ့ဥပဒေတွေ ပြဋ္ဌာန်းဖို့ပြင်ဆင်နေတာ ရှိနေကြောင်း လည်း ထောက်ပြထားပါတယ်။

အာရှပစိဖိတ်ဒေသက နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံဟာ မလွတ်လပ်တဲ့ နိုင်ငံအဖြစ် အဆင့် ၅ ကနေ လွတ်လပ်ခွင့် ပိုနိမ့်ကျသွားတဲ့နိုင်ငံအဖြစ် အဆင့် ၆ မှာ သတ်မှတ်ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org