ချင်းပြည်နယ်ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့တချို့ကို အကျယ်ချုပ်ထား

တပ်မတော်က အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ချင်းပြည်နယ်အစိုးရအဖွဲ့ ငါးဦးတို့ ဒီနေ့ ဖေဖော်ဝါရီ ၂၆ ရက် မနက်ပိုင်းက ပြန်လွတ်လာပါတယ်။

ချင်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများနေထိုင်တဲ့ ဝန်ကြီးများအိမ်ရာဝန်းကိုလာတဲ့လမ်းမှာ နေရာယူထားတဲ့ တပ်မတော်သားအချို့ကို ၂၀၂၁၊ ဖေဖော်ဝါရီ ၂ ရက်နေ့က တွေ့ရစဉ်

တပ်မတော်က အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ချင်းပြည်နယ်အစိုးရအဖွဲ့ ငါးဦးတို့ ဒီနေ့ ဖေဖော်ဝါရီ ၂၆ ရက် မနက်ပိုင်းက ပြန်လွတ်လာပါတယ်။

ပြည်နယ် ဝန်ကြီးချုပ် ဆလိုင်းလျန်းလွယ်၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွေ၊ လွှတ်တော် ဒု-ဥက္ကဋ္ဌ ဦးထိတ်ထန်း၊ စည်ပင်ဝန်ကြီး ဦးစိုးထက်နဲ့ လဝက ဝန်ကြီး ဦးဖွေအား တို့ကို ဒီနေ့ ဖေဖော်ဝါရီ ၂၆ ရက် နေ့ မနက်မှာ ပြန်လွှတ်ပေးလိုက်တယ်လို့ ဝန်ကြီး ဦးစိုးထက်နဲ့ နီးစပ်သူက RFA ကို အတည်ပြုပြောပါတယ်။

တပ်မတော်က အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး ချင်းပြည်နယ်ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ ဝန်ကြီးတွေကို တပ်မတော်က စခန်းတစ်ခုမှာ ဖမ်းဆီးထိန်းသိမ်းထားခဲ့တာ ဖြစ်ပါတယ်။

အခုပြန်လွတ်လာတဲ့ ချင်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးတွေကို သူတို့ရဲ့ဝန်ကြီးများ အိမ်ရာမှာပဲ နေအိမ် အကျယ်ချုပ်နဲ့ ဆက်လက်ထိန်းသိမ်းခံရမယ့်သဘောရှိတယ်လို့လည်း ဆိုပါတယ်။



2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org