ဧည့်စာရင်းဥပဒေ ဖျက်သိမ်းဖို့ တောင်းဆို

မြန်မာနိုင်ငံမှာ ဧည့်စာရင်းတိုင်ရမယ့်ဥပဒေနဲ့ အချိန်မတော် သန်းခေါင်စာရင်းစစ်တဲ့လုပ်ရပ်ဟာ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေနဲ့ ဆက်စပ်လာတဲ့အတွက် ဒီဥပဒေကို ချက်ချင်းဖျက်သိမ်းသင့်တယ်လို့ Fortify Rights ခေါ် အခွင့်အရေးများ ခိုင်မာစေရေးအဖွဲ့က မနေ့က အစီရင်ခံစာတစ်စောင် ရန်ကုန်မြို့မှာ ထုတ်ပြန်လိုက် ပါတယ်။

မြန်မာနိုင်ငံမှာ ဧည့်စာရင်းတိုင်ရမယ့်ဥပဒေနဲ့ အချိန်မတော် သန်းခေါင်စာရင်းစစ်တဲ့လုပ်ရပ်ဟာ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေနဲ့ ဆက်စပ်လာတဲ့အတွက် ဒီဥပဒေကို ချက်ချင်းဖျက်သိမ်းသင့်တယ်လို့ Fortify Rights ခေါ် အခွင့်အရေးများ ခိုင်မာစေရေးအဖွဲ့က မနေ့က အစီရင်ခံစာတစ်စောင် ရန်ကုန်မြို့မှာ ထုတ်ပြန်လိုက်ပါတယ်။

အာဏာပိုင်တွေဟာ သပိတ်မှောက်ကျောင်းသားခေါင်းဆောင်တွေဖမ်းဖို့ ဧည့်စာရင်းစစ်ခွင့်ရှိတဲ့ လုပ်ပိုင်ခွင့်ကို ပြီးခဲ့တဲ့သတင်းပတ်ထဲမှာတင် အသုံးချခဲ့တယ်လို့လည်း Fortify Rights အဖွဲ့က ထောက်ပြထားပါတယ်။

စာမျက်နှာ ၄၆ မျက်နှာရှိတဲ့ သူတို့အဖွဲ့ရဲ့အစီရင်ခံစာဟာ- မြန်မာနိုင်ငံသားတွေဟာ ကိုယ့်အိမ်ကလွဲလို့ တခြားအိမ်တစ်အိမ်မှာ ညအိပ်ညနေနေထိုင်မယ်ဆိုရင် အဲဒီ့အိမ်တည်ရှိတဲ့ ရပ်ကွက်အုပ်ချုပ်ရေးရုံးမှာ ဧည့်စာရင်းတိုင်ဖို့ လိုအပ်တယ်ဆိုတဲ့အကြောင်း၊ အာဏာပိုင်တွေက အချိန်မရွေး အိမ်ထောင်စုစာရင်း စစ်ဆေးတာမျိုး လုပ်ပိုင်ခွင့်ရှိနေတဲ့အကြောင်းနဲ့ ဒီလုပ်ရပ်တွေရဲ့ အကျိုးသက်ရောက်မှုအကြောင်းတွေကို ၂၀၁၃ ခုနှစ် အောက်တိုဘာ လကနေ ၂၀၁၅ ခုနှစ် မတ်လထိ တိုင်းနဲ့ပြည်နယ် ၆ ခုက အိမ်ထောင်စုပေါင်း ၉၀ ကို တွေ့ဆုံမေးမြန်းပြီး ပြုစု ထားတာလို့ဆိုပါတယ်။

Fortify Rights ခေါ် အခွင့်အရေးများ ခိုင်မာစေရေးအဖွဲ့ကို အရှေ့တောင်အာရှ၊ ဥရောပနဲ့ အမေရိကမှာ မှတ်ပုံတင်ဖွဲ့စည်းထားတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org