ဈေးကွက် ဖွင့်ပေးဖို့ နိုင်ငံခြားမြှုပ်နှံသူတွေ ပြောကြား

မြန်မာပြည်စီးပွားရေးဆိုင်ရာ ညီလာခံတစ်ခု ရန်ကုန်မြို့မှာ မနေ့က ကျင်းပခဲ့ရာမှာ မြန်မာပြည်မှာ သယံဇာတ အရင်း အမြစ်တွေ ရင်းနှီးမှုမြှုပ်နှံစရာကဏ္ဍတွေ အများအပြားရှိပြီး အစိုးရကလည်း မြှုပ်နှံမယ့်သူတွေကို အားရဝမ်းသာကြို ဆိုနေပေမယ့် ငွေကြေး ဈေးကွက်ကို ပိုမိုဖွင့်ပေးဖို့ လိုကြောင်း နိုင်ငံခြား လုပ်ငန်းရှင်တွေက ပြောကြားခဲ့ကြ ပါတယ်။

မြန်မာပြည်စီးပွားရေးဆိုင်ရာ ညီလာခံတစ်ခု ရန်ကုန်မြို့မှာ မနေ့က ကျင်းပခဲ့ရာမှာ မြန်မာပြည်မှာ သယံဇာတ အရင်း အမြစ်တွေ  ရင်းနှီးမှုမြှုပ်နှံစရာကဏ္ဍတွေ အများအပြားရှိပြီး အစိုးရကလည်း မြှုပ်နှံမယ့်သူတွေကို အားရဝမ်းသာ ကြိုဆိုနေပေမယ့် ငွေကြေး ဈေးကွက်ကို ပိုမိုဖွင့်ပေးဖို့ လိုကြောင်း နိုင်ငံခြား လုပ်ငန်းရှင်တွေ က ပြောကြားခဲ့ကြပါတယ်။

ဂျပန်နဲ့ မြန်မာ လုပ်ငန်းရှင် ၃ဝဝ ခန့်တက်ရောက်တဲ့ အဲဒီ Nikkei နစ်ကေး ညီလာခံမှာ ဂျပန် အရာရှိတစ်ဦးက မြန်မာ အစိုးရအနေနဲ့ စီးပွားရေး တိုးတက်ဖို့လိုအပ်တဲ့ လမ်းတံတားအပါအဝင် တခြားအခြေခံလိုအပ်ချက်တွေကို ဖြည့် စည်းပေးနိုင်ခြင်း မရှိဘူးလို့ ပြောပါတယ်။ တိုကျို မစ်စူဘီရှိဘဏ် အမှုဆောင်ချုပ်ကလည်း မြန်မာပြည်မှာ ဘဏ်တစ်ခု ကနေ နောက်ဘဏ်တစ်ခုကို ငွေလွဲပြောင်းရေး ခက်ခဲနေဆဲပဲလို့ ပြောကြားခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org