ဘေးဖြစ်နိုင်တဲ့ အစားအစာများ သတိထားဖို့ WHO ထုတ်ပြန်
2015.10.27
Red meat လို့ ခေါ်တဲ့ ဝက်သား၊ အမဲသားတွေနဲ့ Processed meat လို့ ခေါ်တဲ့ ပြုပြင်ထားတဲ့အသားတွေကို အမြဲလိုလို စားသုံးလို့ ရှိရင် ကင်ဆာ ရောဂါတွေ ဖြစ်ပါွးစေနိုင်တယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အစီရင်ခံစာတစ်စောင် မနေ့က ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံမှာတော့ ပိုးသတ်ဆေး ဖြန်းတဲ့ ငါးခြောက်တွေ၊ သစ်သီးဝလံတွေ ၊ ဓာတ်မြေသြဇာတို့ ဓါတုဆေးတို့ ထည့်တဲ့ ငါးပိ စတဲ့ အစားအစာတွေကြောင့် စားသုံးသူတွေ အန္တရာယ်တွေရှိနေပါတယ်။
Red meat လို့ ခေါ်တဲ့ ဝက်သား၊ အမဲသားတွေကတဆင့် ပြုပြင်ထားတဲ့ အစာတွေဟာ အူမကြီးကင်ဆာနဲ့ ဆက်စပ်တယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကင်ဆာ သုတေသနဌာနက လေ့လာထားတာပါ။
ဒီအကြောင်းတွေ နဲ့ ပတ်သက်ပြီး ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။