အင်းစိန်မှာ ဒီနေ့မနက်ပိုင်း ပေါက်ကွဲမှု ငါးကြိမ်ဖြစ်ပွား

ရန်ကုန် အင်းစိန်မြို့နယ်ထဲမှာ ဇွန်လ ၂၇ ရက် ဒီနေ့မနက်ပိုင်းမှာတင် ပေါက်ကွဲမှု ငါးကြိမ် ဆက်တိုက် ဖြစ်ခဲ့တယ်လို့ အင်းစိန်မြို့ဒေသခံတစ်ဦးက RFA ကို ပြော ပါတယ်။

ရန်ကုန်မှာ ကင်းလှည့်နေတဲ့ စစ်သားတွေကို ၂၀၂၁ မတ် ၆ ရက်နေ့က တွေ့ရစဥ်

ရန်ကုန် အင်းစိန်မြို့နယ်ထဲမှာ ဇွန်လ ၂၇ ရက် ဒီနေ့မနက်ပိုင်းမှာတင် ပေါက်ကွဲမှု ငါးကြိမ် ဆက်တိုက်ဖြစ်ခဲ့ တယ်လို့ အင်းစိန်မြို့ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

ဒီနေ့မနက် ၈ နာရီခွဲခန့်က ၁ ဂိတ်ကားမှတ်တိုင်အနီး ဆေးပညာသိပ္ပံနားမှာ တစ်ကြိမ်၊ ရွာသစ်ကား မှတ်တိုင် အနီးမှာ တစ်ကြိမ်၊ ဘိုခြံကားမှတ်တိုင်နဲ့ ၃၆၀ ဆီဆိုင်ကြားမှာ တစ်ကြိမ်နဲ့ နံ့သာကုန်းနဲ့ ဖော့ကန်အုပ်ချုပ် ရေးမှူးရုံးတွေမှာ ပေါက်ကွဲမှုတွေ အသီးသီးဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

မနက်ပိုင်းက အဲဒီပေါက်ကွဲမှုတွေကြောင့် လူထိခိုက်သေဆုံးမှု အခြေအနေတွေနဲ့ ပတ်သက်ပြီး မသိရသေး ဘူးလို့ ဆိုပါတယ်။ လက်ရှိမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ကားတွေနဲ့ ကင်းလှည့်စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org