ရှမ်းတောင် တိုက်ပွဲအတွင်း ကလေး ၁၁ ဦးအပါအဝင် ၇၇ ဦး သေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်းမှာ စစ်ကောင်စီနဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) တို့ တိုက်ပွဲတွေအကြား ကလေးငယ် ၁၁ ဦးအပါအဝင် ၇၇ ဦး သေဆုံးခဲ့တယ်လို့ ပအိုဝ်းလူငယ် အစည်းအရုံးက သတင်းထုတ်ပြန်ပါတယ်။

တိုက်ပွဲများကြောင့် မီးလောင်ပျက်စီးသွားသည့် ဆီဆိုင်မြို့ကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့တွင် PNLA တပ်ဖွဲ့က ထုတ်ပြန်ထားစဥ်။ Facebook/PNLA News & Information Department

ရှမ်းပြည်နယ်တောင်ပိုင်းမှာ စစ်ကောင်စီနဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) တို့ တိုက်ပွဲတွေအကြား ကလေးငယ် ၁၁ ဦးအပါအဝင် ၇၇ ဦး သေဆုံးခဲ့တယ်လို့ ပအိုဝ်းလူငယ် အစည်းအရုံးက ဇွန် ၁၂ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ပင်လောင်း၊ ဆီဆိုင်၊ ဟိုပုံးနဲ့ ညောင်ရွှေမြို့နယ်တွေအတွင်း ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၁ ရက်နေ့ကစလို့ တိုက်ပွဲတွေ ဖြစ်ပွားလာတာပါ။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီရဲ့ လေကြောင်းနဲ့လက်နက်ကြီးကြောင့် သေဆုံးခဲ့ရသူ ၃၄ ဦးပါဝင်တယ်လို့ PYO က ဆိုပါတယ်။

တိုက်ပွဲတွေအတွင်း အခြားအကြောင်းအရာတွေကြောင့် သေဆုံးရသူပေါင်း ၄၃ ဦး ရှိခဲ့ပါတယ်။

ဒီအပြင် ထိခိုက်ဒဏ်ရာရသူပေါင်းက ၁၀၁ ဦး ရှိခဲ့တယ်လို့ PYO က ဆိုပါတယ်။

ဒါနဲ့ပတ်သက်လို့ ရှမ်းပြည်နယ် စစ်ကောင်စီပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

လက်ရှိအချိန်အထိလည်း ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်နဲ့ ရှမ်း၊ ကယားနယ်စပ်က ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ PNLA တပ်ဖွဲ့တွေ စစ်ရေး ဆက်လက်တင်းမာနေဆဲပဲလို့ ဆီဆိုင်မြို့ခံတွေက ပြောပါတယ်။

တိုက်ပွဲတွေကြောင့် အရပ်သား ငါးသောင်းကျော် (၅၃,၄၀၀) လည်း ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ PYO ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org