အလုပ်သမားသပိတ် ကူညီမှုနဲ့ ဖမ်းဆီးခံရသူ မိသားစုနဲ့တွေ့ခွင့်မရ

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်က စုပေါင်းအလုပ်သမားသပိတ်ကိုကူညီလို့ အဖမ်းခံ ထားရတဲ့ ကိုနိုင်ဇော်ကြည်ဝင်းကို အကျဉ်း ဦးစီးဌာနက မိသားစုနဲ့တွေ့ခွင့် မပြုတဲ့အတွက် အစားအသောက်နဲ့ဆေးဝါး ပေးခွင့်မရခဲ့ဘူးလို့သိရပါတယ်။

ရွှေပြည်သာစက်မှုဇုန်က Eland Myanmar စက်ရုံရှေ့မှာ ဆန္ဒပြအလုပ်သမားတွေကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့ က တွေ့ရစဉ် Photo: Kyaw Zaw Win/ RFA

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်က စုပေါင်းအလုပ်သမား သပိတ်ကိုကူညီလို့ အဖမ်းခံထားရတဲ့ ကိုနိုင်ဇော်ကြည် ဝင်းကို အကျဉ်းဦးစီးဌာနက မိသားစုနဲ့တွေ့ခွင့်မပြုတဲ့ အတွက် အစားအသောက် နဲ့ဆေးဝါး ပေးခွင့်မရခဲ့ဘူးလို့ သိရပါတယ်။

မိခင်နဲ့ အမဖြစ်သူတွေက အင်းစိန်ထောင်ကို မနေ့က သွားပြီး ထောင်ဝင်စာတွေ့ခွင့် တောင်းတဲ့အခါ ပြည် ထဲရေးဌာနက တားမြစ်ပိတ်ပင်ထားတဲ့အတွက် တွေ့ခွင့် မရသေးဘူးလို့ အကျဉ်းဦးစီးအရာရှိက ပြောတဲ့အကြောင်း အကိုဖြစ်သူ ကိုသူဇော်ကြည်ဝင်း က RFA ကိုပြော ပါတယ်။

"ကျနော့် အမေ၊ ကျနော့်အမတွေက ထောင်ကို လာတော့ သွားတွေ့တယ်၊ သွားတွေ့တော့ သူ့ထောင် ပိုင် မြင့်ဦးကနေပြီးတော့ ကိုနိုင်ဇော်နဲ့ ပတ်သက် ပြီးတော့ ပြည်ထဲရေးကနေ တိုက်ရိုက်ပိတ်ထားတဲ့ အတွက်ကြောင့် ထောင်ဝင်စာတွေ့လို့မရပါဘူး လို့ပြောလိုက်တယ်၊ သူ့ကိုရုံးထုတ်မယ့်နေ့ကတော့ အတိအကျ မသိသေးဘူးဗျ၊ ပုဒ်မ မတတ်ထားလို့ စစ်ဆေးနေတယ်လို့ပြောတယ် "

ကိုနိုင်ဇော်ကြည်ဝင်းဟာ အကိုဖြစ်သူ ကိုသူဇော်ကြည်ဝင်းနဲ့အတူ ရွှေပြည်သာ စက်မှုဇုံမှာ သပိတ်မှောက်နေတဲ့အလုပ် သမားတွေကိုကူညီနေသူဖြစ်ပါတယ်။

သူဟာ အလုပ်သမားတွေရဲ့ အခြေအနေတွေကို ကွန်ပျူတာနဲ့စာရိုက်နိုင်မယ့် လှိုင်သာယာမြို့နယ်က သူငယ်ချင်း တစ်ယောက်အိမ်မှာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က အရပ်ဝတ်နဲ့ အမည်မသိသူတွေ ဝင်ရောက်ဖမ်းဆီးသွားပြီး၊ အခုတော့ အင်းစိန်ထောင်မှာ အပို့ခံထားရပါတယ်။

အဖမ်းခံထားရတဲ့ တခြားသပိတ်ခေါင်းဆောင်တွေဖြစ်တဲ့ ကိုမျိုးမင်းမင်းနဲ့ ကိုနိုင်ဌေးလွင် တို့ကိုတော့ မတ်လ ၃ ရက် နေ့ နဲ့ ၆ ရက်နေ့မှာ ရုံးထုတ်မယ်လို့ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org