ဖမ်းဆီးခံ မြန်မာနှစ်ဦး ထိန်းသိမ်းရက် ထပ်တိုး

ထိုင်းနိုင်ငံ ခိုတောင်းကျွန်းမှာ ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုနဲ့ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ မြန်မာလူငယ် နှစ်ဦးဖြစ်သူ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကို နောက်ထပ် အနည်းဆုံး ၁၂ ရက် ထိန်းသိမ်းထားမယ်လို့ သိရပါတယ်။

ဗြိတိန်နှစ်ယောက်ကို သတ်ခဲ့တယ်လို့ ထိုင်းရဲက စွပ်စွဲဖမ်းဆီးထားတဲ့ မြန်မာနှစ်ဦးကို မြင်ရစဉ် Photo: BangKok Post

ထိုင်းနိုင်ငံ ခိုတောင်းကျွန်းမှာ ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုနဲ့ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ မြန်မာ လူငယ် နှစ်ဦးဖြစ်သူ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်း တို့ကို နောက်ထပ်အနည်းဆုံး ၁၂ ရက် ထိန်းသိမ်းထား မယ်လို့ သိရပါတယ်။

အဲ့သလို ထိန်းသိမ်းရက် ထပ်တိုးပေးဖို့ အစိုးရရှေ့နေတွေရဲ့ ဒုတိယအကြိမ်လျှောက်လဲချက် ကို ကော့စမွီး ခရိုင်တရားရုံးက အတည်ပြုခဲ့ပါတယ်။

မြန်မာလူငယ်နှစ်ဦး ထိန်းသိမ်းခံနေရတာ ဒီကနေ့ဆိုရင် ၂၅ ရက်ရှိပြီဖြစ်ပါတယ်။ သူတို့အပေါ် အခုထိ စွဲချက် မတင်နိုင်သေးပါဘူး။

ထိုင်း ဥပဒေအရ စွပ်စွဲခံရသူတွေကို ၈၄ ရက်အထိ ထိန်းသိမ်းထားခွင့်ရှိပြီး၊ အဲ့ဒီရက်အတွင်း လုံလောက်တဲ့ စွဲချက်မတင်နိုင်ဘူးဆိုရင် ပြန်လွှတ်ပေးရမှာဖြစ်ပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး တနင်္ဂနွေနေ့က ဗြိတိန် မှုခင်းကျွမ်းကျင်သူတွေ ခိုတောင်းကျွန်းကို သွားရောက်စုံစမ်း ခဲ့ကြပါတယ်။ ထိုင်း အစိုးရရှေ့နေတွေကလည်း အခင်းဖြစ်ပွားပြီး ကျန်ရစ်ခဲ့တဲ့ မိုဘိုင်းဖုန်းဟာ သေဆုံးသူ ဗြိတိန်နိုင်ငံသားရဲ့ဖုန်းဖြစ်ကြောင်း ဗြိတိန် မှုခင်းကျွမ်းကျင်သူတွေဆီက တရားဝင်ရေးသားချက်ရရှိအောင် ထိုင်း စုံစမ်းစစ်ဆေးသူတွေကို ကြိုးစားခိုင်းနေတယ်လို့ ဘန်ကောက်ပို့စ်သတင်းက ဖော်ပြပါတယ်။

ဒီအတွင်း ခိုတောင်းကျွန်း အပါအဝင် စူရတ်ဌာနီ ခရိုင်အတွင်းက ခရီးသည်တွေ သွားရောက်ရာနေရာတချို့ကို အခါကြီး ရက်ကြီးတွေကလွဲပြီး ကျန်တဲ့ရက်တွေမှာ ပိတ်ထားဖို့ အာဏာပိုင်တွေက အမိန့်ထုတ်ထားကြောင်း NBC သတင်းကဖော်ပြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org