ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် အဂတိမှုနဲ့ ထပ်မံတရားစွဲခံရ
မန္တလေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ ဇော်မြင့်မောင်နဲ့ လျှပ်စစ်၊ စွမ်းအင်နဲ့ ဆောက်လုပ်ရေး ဝန်ကြီးဟောင်း ဦးဇာနည်အောင် တို့ကို စစ်ကောင်စီလက်အောက် ခံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က အဂတိလိုက်စား မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ (၅၅) နဲ့ တရားစွဲဆိုအရေးယူဖို့ ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီက နိုင်ငံပိုင်သတင်း စာကနေ ပြီးခဲ့တဲ့ ဇူလိုင်လ ၇ ရက်နေ့က ထုတ်ပြန်ပါတယ်။
- 2021-07-09
-
-
-
မန္တလေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ ဇော်မြင့်မောင်နဲ့ လျှပ်စစ်၊ စွမ်းအင်နဲ့ ဆောက်လုပ်ရေးဝန်ကြီး ဟောင်း ဦးဇာနည်အောင် တို့ကို စစ်ကောင်စီလက်အောက်ခံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ (၅၅) နဲ့ တရားစွဲဆိုအရေးယူဖို့ ဆောင်ရွက်နေတယ်လို့ စစ် ကောင်စီက နိုင်ငံပိုင်သတင်းစာကနေ ပြီးခဲ့တဲ့ ဇူလိုင်လ ၇ ရက်နေ့က ထုတ်ပြန်ပါတယ်။
အဲဒီထုတ်ပြန်ချက်မှာ မန္တလေးတိုင်းအတွင်း စီမံကိန်းဧရိယာနဲ့ ဆက်စပ်တဲ့ လယ်ယာမြေကို ဆက်လက် လုပ်ကိုင်နိုင်ရေးအတွက် ဆက်စပ်ကုမ္ပဏီဆီကနေ ထိုင်းဘတ်ငွေ သုံးသိန်း တံစိုးလက်ဆောင် ရယူခဲ့တာ၊ ဦးဇော်ဝိတ် ပိုင်ဆိုင်တဲ့ အမရပူရ မြို့ပြစီမံကိန်းကနေ ဆေးကုသစရိတ်အတွက် ငွေကျပ် သိန်း ၆၅၀ ရယူ ခဲ့တာ၊ ထိုင်းနိုင်ငံမှာ ဆေးကုသမှုခံယူနေစဉ် လုပ်ငန်းရှင် တစ်ဦးဆီက အမေရိကန်ဒေါ်လာ တစ်သိန်း ရယူခဲ့တာ၊ မြင်းခြံမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်၊ အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်တွေမှာ NLD ပါတီရုံးတည်ဆောက်ဖို့ မြေနေရာတွေကို ကာလပေါက်ဈေးထက်လျှော့ပြီး မြေဖိုးသွင်းခဲ့တာတွေရှိခဲ့လို့ အောင်မြေသာစံမြို့နယ် အမှတ် (၁) နယ်မြေရဲစခန်းမှာ အခုလ ၆ ရက်နေ့က ပထမသတင်းပေး တိုင်ကြား ချက် ဖွင့်လှစ်ထားတယ်လို့ ရေးသားထားပါတယ်။
အခုလိုစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး သေလူ တစ်ယောက်ကို အငြိုးတကြီးနဲ့ စွဲချက်တွေ တင်နေတာ ဖြစ် ကြောင်း၊ ဆေးကုသတာနဲ့ ပတ်သက်လို့ ကုန်ကျစရိတ်တွေကို US က အကိုဖြစ်သူ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကျန်းမာရေးကွန်ရက်က လုပ်ဆောင်ပေးတာဖြစ်ကြောင်း၊ ဝန်ကြီးချုပ် မဖြစ်ခင်နဲ့ အခုအချိန်မှာပါ ဘဏ် အကောင့်တွေကို စစ်ဆေးနိုင်ကြောင်း၊ ကင်ဆာဖြစ်လို့ မိသားစုက နားခိုင်းတာကို မနားဘဲ ရွေးကောက်ပွဲ အတွက် အင်တိုက်အားတိုက် လုပ်ဆောင်ပေးခဲ့သူဖြစ်တယ်လို့ ဒေါက်တာ ဇော်မြင့်မောင်ရဲ့ သားဖြစ်သူ ဒေါက်တာ ရွှေဖြိုးဟန် က သူ့ရဲ့ဖေ့စ်ဘွတ် လူမှုကွန်ရက်စာမျက်နှာမှာ ဇူလိုင်လ ၇ ရက်နေ့က ရေးသားထား ပါတယ်။
ရုံးချိန်းစစ်ဆေးမှုတွေ ပုံမှန်ရှိနေပေမယ့် အဂတိနဲ့ စွဲဆိုထားတဲ့ အခြေအနေကို ဘာမှမသိရသေးကြောင်းနဲ့ ဖမ်းဆီးခံရချိန်ကနေ အခုအချိန်ထိ မိသားစုနဲ့ တွေ့ခွင့်မရကြသေးဘူးလို့ မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ နီးစပ်သူတစ်ယောက်က RFA ကို ပြောပါတယ်။
"ပုံမှန်ရုံးချိန်းတွေ ရှိတယ်။ ဒါပေမဲ့ ဘယ်သူက ဘာလဲဆိုတာကိုတောင် သေချာမမြင်ကြရပါဘူး၊ နှာခေါင်း စည်းတွေ အကာအကွယ်တွေနဲ့ဆိုတော့၊ ရှေ့နေနဲ့တော့ စကားပြောခွင့်ရပေမယ့် ဖမ်းဆီးခံရချိန်ကတည်း က အခုချိန်ထိ မိသားစုနီးကပ်ပြီး စကားပြောခွင့်မရသေးဘူး။ လက်ပြ နှုတ်ဆက်ကြတာလောက်ပဲရတယ်။ ကျန်းမာရေးတော့ ကောင်းပါတယ်"
ဒေါက်တာ ဇော်မြင့်မောင် အပါအဝင် အစိုးရအဖွဲ့ဝန်ကြီးတွေကို အိုးဘိုထောင်မှာ ဖမ်းဆီးထားတာဖြစ်ပြီး တနင်္လာ၊ ကြာသပတေးနဲ့ သောကြာနေ့တွေမှာ ထောင်တွင်း ရုံးထုတ်စစ်ဆေးတယ်လို့ ပါတီနဲ့ နီးစပ်သူ တစ်ယောက်က ပြောပါတယ်။
မန္တလေးတိုင်း အစိုးရအဖွဲ့ဝင်တွေ၊ ပါတီဝင်တွေကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)၊ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဥပဒေပုဒ်မ ၂၅ တို့နဲ့ သက်ဆိုင်ရာမြို့နယ် တရားရုံးတွေမှာ စစ်ကောင်စီက တရားစွဲဆိုထားပါတယ်။
တပ်မတော်သတင်းမှန်ပြန်ကြားရေး ထုတ်ပြန်ချက်တွေအရတော့ စစ်တပ်က အာဏာသိမ်းပြီးနောက် အဂတိ လိုက်စားမှုနဲ့ တရားစွဲဆိုခံထားရတဲ့ NLD ပါတီ အစိုးရအဖွဲ့ဝင် ၂၂ ယောက်အထိ ရှိနေပါတယ်။
အဲဒီ ၂၂ ယောက်ထဲမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီး သူရဦးအောင်ကို၊ နေပြည်တော် မြို့တော်ဝန် ဒေါက်တာ မျိုးအောင်၊ ဒုမြို့တော်ဝန် ဦးရဲမင်းဦး၊ မကွေး တိုင်း ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်း၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံ၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် တို့ ပါဝင်ပါတယ်။