စစ်တပ်ကို ICC မှာ တရားစွဲဖို့ သက်သေ လေးသိန်းကျော် ရပြီလို့ NUG ပြော

မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ကျူးလွန်နေတဲ့ စစ်တပ်ကို အပြည် ပြည်ဆိုင်ရာတရားရုံး(ICC) မှာ တရားစွဲနိုင်ဖို့ သက်သေပေါင်း လေးသိန်းကျော်ရရှိ ထားပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဆာဆာက ဒီနေ့ပြောဆိုလိုက်ပါတယ်။

၂၀၂၁ ဇွန် ၂၅ ရက် NUG သတင်းစာရှင်းလင်းပွဲမှာ ဒေါက်တာဆာဆာ ရှင်းပြနေစဥ် Photo: NUG
မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ကျူးလွန်နေတဲ့ စစ်တပ်ကို အပြည်ပြည်ဆိုင်ရာတရားရုံး(ICC) မှာ တရားစွဲနိုင်ဖို့ သက်သေပေါင်း လေးသိန်းကျော်ရရှိထားပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာဆာဆာက ဒီနေ့ပြောဆိုလိုက်ပါတယ်။
 
NUG က ဇွန် ၂၅ ရက်နေ့ညနေ ၅ နာရီမှာပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါက်တာဆာဆာက အခုလို ပြောဆိုခဲ့တာပါ။
 
NUG အနေနဲ့ သက်သေ လေးသိန်းကျော်ရရှိထားတယ်ဆိုပေမယ့် အဆင့်ဆင့်စိစစ်မှုတွေလုပ်ပြီးတော့ နိုင်ငံ တကာစံချိန်စံညွှန်းတွေနဲ့ ကိုက်ညီပြီး တိကျခိုင်မာမှုရှိတဲ့ သက်သေခံ ၂၀၀ ဝန်းကျင်ကို ICC ကို တင်သွင်းမှာ ဖြစ်တယ်လို့ ဒေါက်တာဆာဆာက ပြောပါတယ်။
 
မြန်မာပြည်မှာ ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေအတွက် အဓိကတာဝန်ရှိတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဟာ အချုပ်ခန်းထဲမှာရှိရမယ့်အစား အပြင်မှာရှိနေတာကြောင့် NUG အနေနဲ့ ဗိုလ်ချပ်မှူးကြီး မင်းအောင်လှိုင် ကို အမြန်ဆုံးအပြစ်ပေးအရေးယူနိုင်ဖို့ ICC ၊ ကုလလုံခြုံရေးကောင်စီအပြင် နိုင်ငံတကာက အရေးယူနိုင်တဲ့ နည်းလမ်း သုံးခုလောက်ကို စဉ်းစားထားတယ်လို့ ဒေါက်တာဆာဆာက ပြောဆိုခဲ့ပါတယ်။
 
ဒါ့အပြင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် မြန်မာစစ်တပ်က ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှုတွေကို ပြတိုက်တစ်ခုတည်ဆောက်ပြီးတော့ ပြသသွားဖို့ စီစဉ်နေပြီး လောလောဆယ်မှာတော့ အွန်လိုင်းပြတိုက်တစ်ခု အနေနဲ့ တည်ရှိမှာဖြစ်သလို နောင်မှာတော့ အဆောက်အအုံတွေ တည်ဆောက်ပြီး ပြသသွားဖို့ ရည်ရွယ်ထား တယ်လို့ သူက ပြောပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org