လူ့ဘောင်သစ်ကိုယ်စားလှယ်အဖွဲ့ NLD တိုင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေး
2012.12.31

နှစ်ဖက်တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုနဲ့ ပတ်သက်ပြီး တိုင်းညီလာခံကျင်းပရေး ကော်မရှင်ဥက္ကဌ ဒေါ်ဝင်းမြမြ ကRFAကို အခုလို ပြောပါတယ်။
"ပြည်တွင်းငြိမ်းချမ်းရေး၊ ဥပဒေစိုးမိုးရေး၊ ပြည်သူလူထုရဲ့ လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေကို အကာအကွယ်ပေးမယ့် ဖွဲစည်းပုံအခြေခံဥပဒေပေါ်ပေါက်ရေး ဒီသုံးချက်ကို NLD က ရည်ရွယ်ချက်ကြီးကြီးထားပြီးတော့ လုပ်နေပါတယ်။ အဲဒီတော့ အခုလာတဲ့လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီကလည်း ဒီရည်ရွယ်ချက်သုံးခုအတိုင်းပဲ သူတို့ဆန္ဒတွေရှိပါတယ်လို့ပြောပါတယ်။ ကျွန်မတို့ကတော့ ဗမာပြည်တွင်းမှာ တကယ်နိုင်ငံရဲ့အကျိုး၊ ပြည်သူတွေရဲ့အကျိုးကို လုပ်မယ်ဆိုတဲ့ အဖွဲ့အစည်းဆိုရင်တော့ ကျွန်မတို့ကအမြဲတမ်း ကြိုဆိုနေပါတယ်" ဆိုတဲ့အကြောင်းကို ကြွရောက်လာတဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ က လူတွေကို ပြောလိုက်ပါတယ်။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ နေ့လည် ၁ နာရီမှာ အထက်ဗမာပြည် လူ့ဘောင်သစ် စုစည်းရေးကော်မတီနဲ့ ထပ်မံတွေဆုံပါတယ်။ မနက်ဖြန်မှာတော့ စစ်ကိုင်းမြို့နဲ့ မုံရွာမြို့ကို ခရီးဆက်မှာဖြစ်ပြီး နောက်ရက်တွေမှာတော့ မကွေးတိုင်းဖက်ကို ခရီးဆက်မယ်လို့သိရပါတယ်။