ဒေါ်လာဈေး ၂၀၇၀ အထိ စံချိန်တင်မြင့်တက်
စစ်တပ်က အာသိမ်းပြီးနောက်ပိုင်း မြန်မာကျပ်ငွေဈေး ဆက်တိုက်ကျဆင်းလာပြီး စက်တင်ဘာလ ၂၄ ရက် ဒီကနေ့မှာတော့ ပြင်ပပေါက်ဈေး တစ်ဒေါ်လာကို ၂၀၇၀ ကျပ်အထိ စံချိန်တင်မြင့်တက်နေပါတယ်။
- 2021-09-24
-
-
-
စစ်တပ်က အာသိမ်းပြီးနောက်ပိုင်း မြန်မာကျပ်ငွေဈေး ဆက်တိုက်ကျဆင်းလာပြီး စက်တင်ဘာလ ၂၄ ရက် ဒီကနေ့မှာတော့ ပြင်ပပေါက်ဈေး တစ်ဒေါ်လာကို ၂၀၇၀ ကျပ်အထိ စံချိန်တင်မြင့်တက်နေပါတယ်။
စက်တင်ဘာလ ၂၄ ရက် ဒီကနေ့အတွက် ဗဟိုဘဏ်သတ်မှတ်ဈေး တစ်ဒေါ်လာ ၁၇၅၅ ကျပ်ဖြစ်ပေမယ့် ပြင်ပအရောင်းအဝယ်ဈေးကွက်မှာတော့ တစ်ဒေါ်လာ ၂၀၀၀ ကျော်အထိဖြစ်နေတယ်လို့ ဒေါ်လာနဲ့ ရွှေအရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်နေသူတွေက ပြောပါတယ်။
ပုဂ္ဂလိကဘဏ်တွေဖြစ်တဲ့ KBZ ဘဏ်မှာ ဒီကနေ့ဒေါ်လာဈေး ၁၉၃၀ ကျပ်ဖြစ်ပြီး AYA ဘဏ်က တစ်ဒေါ်လာ ကို ၁၉၃၅ ကျပ် ပေါက်ဈေးရှိနေပါတယ်။
အလားတူ ရွှေဈေးကလည်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းရဲ့ ဈေးနှုန်းအရ စက်တင်ဘာလ ၂၄ ရက် ဒီကနေ့မှာ တစ်ကျပ်သားကို ၁၉၁၅၀၀၀ ကျပ်အထိ ပေါက်ဈေးဖြစ်နေပါတယ်။
စစ်တပ်က အာဏာမသိမ်းခင်က အမေရိကန်တစ်ဒေါ်လာကို ကျပ်ငွေ ၁၃၀၀ ဝန်းကျင်သာရှိခဲ့ပြီး ရွှေတစ်ကျပ် သားကိုလည်း ၁၃၀၀၀၀၀ ဝန်းကျင်သာရှိခဲ့ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာကျပ်ငွေဈေး ဆက် တိုက်ကျဆင်းလာတာတဲ့အပြင် ရွှေဈေးလည်း စံချိန်တင်မြင့်တက်လာခဲ့တာပါ။
ဒေါ်လာဈေးနှုန်းကို ထိန်းချုပ်နိုင်ဖို့အတွက် ဗဟိုဘဏ်က အမေရိကန်ဒေါ်လာတွေ ဆက်တိုက်ထုတ်ရောင်း နေပြီး ဩဂုတ်လ ၂၃ ရက်နေ့အထိ ခြောက်ကြိမ်မှာ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၈၀ ခန့်၊ စက်တင် ဘာလ ၂၂ ရက်နေ့နဲ့ ၂၃ ရက်မှာ ဒေါ်လာ ၂၅ သန်း၊ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော်အထိ ရောင်းခဲ့ပြီးဖြစ်ပေမယ့် အခုအချိန်အထိ ထိန်းချုပ်လို့ မရသေးပါဘူး။