မြန်မာ့အရေးကျွမ်းကျင်သူ အမေရိကန် ပါမောက္ခ ဒေးဗစ် စတိန်းဘတ် ကွယ်လွန်

RFA Burmese
2024.12.07
မြန်မာ့အရေးကျွမ်းကျင်သူ အမေရိကန် ပါမောက္ခ ဒေးဗစ် စတိန်းဘတ် ကွယ်လွန် အမေရိကန် ပါမောက္ခ ဒေးဗစ် စတိန်းဘတ်အား ၂၀၁၀ ခုနှစ်အတွင်း တွေ့ရစဉ်။
Georgetown University/ Phil Humnicky

မြန်မာနိုင်ငံအကြောင်း ဆယ်စုနှစ်ပေါင်းများစွာ သုတေသနလုပ် လေ့လာပြီး သတင်းဆောင်းပါးများစွာနဲ့ စာအုပ်ရေးသားခဲ့တဲ့ မြန်မာ့အရေးကျွမ်းကျင်သူ အမေရိကန်ပြည်ထောင်စု ဂျော့တောင်း တက္ကသိုလ် ပါမောက္ခကြီး ဒေးဗစ် စတိန်းဘတ် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၅ ရက်နေ့က မေရီလန်းပြည်နယ်၊ ဘတ်သစ်စဒါမြို့ နေအိမ်မှာ ကွယ်လွန်သွားတယ်လို့ ဝါရှင်တန်ပို့စ် သတင်းစာက ဖော်ပြပါတယ်။

ဒေးဗစ် စတိန်းဘတ်ဟာ မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက် စစ်တပ်က အာဏာသိမ်းမှုတွေ၊ သွေးမြေကျ အာဏာသိမ်း ဆန့်ကျင်ရေး နှိမ်နှင်းမှုတွေနဲ့ ရိုဟင်ဂျာတွေကို မြန်မာစစ်တပ်က မြေလှန်ရှင်းလင်းတဲ့ စစ်ဆင်ရေးတွေအကြောင်း သတင်းဆောင်းပါးများစွာကို ရေးသားခဲ့သူဖြစ်ပြီး မြန်မာနိုင်ငံကို ပိတ်ဆို့အရေးယူဖို့ထက် ထိတွေ့ဆက်ဆံဖို့ အမေရိကန်အစိုးရကို တိုက်တွန်းခဲ့သူလည်း ဖြစ်တယ်လို့ ဝါရှင်တန် ပို့စ်က ဆိုပါတယ်။

ဒေးဗစ် စတိန်းဘတ်ဟာ ကွယ်လွန်ချိန်မှာ အသက် ၉၆ နှစ် ရှိပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။