တံတားစီမံကိန်းနဲ့ မလွတ်တဲ့ နေအိမ်တွေ ပြောင်းရွှေ့ရမည်

မြန်မာ- ကိုရီးယားချစ်ကြည်ရေးအနေနဲ့ တည်ဆောက်မယ့် ရန်ကုန်-ဒလ တံတားစီမံကိန်းကို လာမယ့် ဖေဖော်ဝါရီလ အတွင်း စတင်တော့မှာဖြစ်တာကြောင့် စီမံကိန်းနဲ့မလွတ်ကင်းတဲ့ ဆိုင်ခန်းတွေနဲ့ နေအိမ်တွေ ဒီလ ၃၁ ရက်နေ့ နောက်ဆုံးထား ပြောင်းရွှေ့ပေးဖို့ ဆောက်လုပ်ရေး ဝန်ကြီးဌာနက ပြီးခဲ့တဲ့ရက်ပိုင်းက အကြောင်းကြားလိုက်ပါတယ်။

ရန်ကုန်တိုင်း၊ ဒလမြို့နယ် မြို့ဝင်ဆိုင်းဘုတ်ကို တွေ့ရစဉ်

မြန်မာ- ကိုရီးယားချစ်ကြည်ရေးအနေနဲ့ တည်ဆောက်မယ့် ရန်ကုန်-ဒလ တံတားစီမံကိန်းကို လာမယ့် ဖေဖော် ဝါရီလအတွင်း စတင်တော့မှာဖြစ်တာကြောင့် စီမံကိန်းနဲ့မလွတ်ကင်းတဲ့ ဆိုင်ခန်းတွေနဲ့ နေအိမ်တွေ ဒီလ ၃၁ ရက်နေ့ နောက်ဆုံးထား ပြောင်းရွှေ့ပေးဖို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ရက်ပိုင်းက အကြောင်းကြား လိုက်ပါတယ်။

ဒလမြို့နယ်၊ ကမာကဆစ်ရပ်ကွက်အတွင်းက စီမံကိန်းနဲ့ မလွတ်တဲ့ နေအိမ်နဲ့ ဆိုင်ခန်းတွေကို အစိုးရဘက် က မြေယာလျော်ကြေးနဲ့ နစ်နာကြေးပေးချေပြီးဖြစ် တာကြောင့် ဖယ်ရှားပေးဖို့ မေတ္တာရပ်ခံထားတာ ဖြစ်တယ်လို့ ဒလမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရင်ထွေး က ပြောပါတယ်။

" ဒလဘက်ခြမ်း ကမာကဆစ်ရပ်ကွက်ပေါ့၊ အဲ့ဒီလမ်းမကြီးပေါ်မှာရှိတဲ့ ဆိုင်ခန်းနဲ့ အဆောက်အဦးတွေ အကုန်လုံးကို ဆောက်လုပ်ရေးဝန်ကြီးဌာနက လျော်ကြေးပေးထားပြီး ဖြစ်ပါတယ်။ စည်ပင်သာယာ လမ်းပေါ်မှာ ကျူးကျော်ပြီး ရှိတဲ့ ဆိုင်ခန်းတွေအကုန်လုံးကိုလည်း ဖယ်ရှားပေးဖို့အတွက် နစ်နာကြေးပေး ထားပြီးလည်း ဖြစ်ပါတယ်။ လကုန်မှာ ဖြတ်သိမ်းပေးဖို့အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန ကနေ မေတ္တာရပ်ခံထားလို့ သူတို့ကို ကျနော်တို့က အကြောင်းကြားထားခြင်းဖြစ်ပါတယ်"

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂ ရက်နေ့က ဒလမြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို ဆောက်လုပ်ရေးဝန်ကြီးဌာနက အကြောင်း ကြားစာပေးပို့ခဲ့တာဖြစ်ပြီး အုပ်ချုပ်ရေးမှူးရုံးကနေ တဆင့် နေအိမ်တွေ၊ ဆိုင်ခန်းတွေ ကို  အသိပေးထားတာ ဖြစ်ပါတယ်။

ရန်ကုန်-ဒလ စီမံကိန်းနဲ့ ပတ်သက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်တဲ့ ကော်မတီ တစ်ရပ်ဖွဲ့စည်းထားပြီး အဲဒီကော်မတီ က မြေယာလျော်ကြေးနဲ့ နစ်နာကြေးပေး ချေဖို့ ကျန်နေတဲ့ နေအိမ်တွေ လျော်ကြေးငွေရရှိရေးအတွက် ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ အကြောင်းကြားစာမှာ လာမယ့်ဖေဖော်ဝါရီလ ပထမအပတ်မှာ စီမံကိန်းခြံစည်း ရိုးခတ်တဲ့ လုပ်ငန်းကို စတင်တော့မှာ ဖြစ်တယ်လို့ ပါရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org