မြန်မာမှာ ကိုဗစ်အတည်ပြုလူနာ တစ်သိန်းခွဲကျော်ပြီ

မနေ့က၂၄ နာရီအတွင်း ကိုဗစ် ၁၉ အတည်ပြုလူနာ ၇၈၇ ယောက်တွေ့တယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီး ဌာနရဲ့ ဇွန်လ၂၄ရက် ညပိုင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ချင်းပြည်နယ် ဖလမ်းမြို့မှာ ကိုဗစ်ပိုးကူးစက်ပြီး ကွယ်လွန်သွားသူတဦးကို ဇွန်လ ၂၃ ရက်နေ့က သဂြိုဟ်ရန် ပြင်ဆင်နေစဉ်။ Photo: Chin World

မနေ့က၂၄ နာရီအတွင်း ကိုဗစ် ၁၉ အတည်ပြုလူနာ ၇၈၇ ယောက်တွေ့တယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဇွန်လ၂၄ရက် ညပိုင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီအတည်ပြုလူနာ အသစ် ၇၈၇ ယောက်နဲ့ ဆိုရင် မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၁၅ဝ၇၁၄ ယောက် ရှိသွားပါပြီ။ ကိုဗစ်ကြောင့် သေဆုံးသူ ခြောက်ယောက် ထပ်ပြီး တိုးလာလို့ သေဆုံးသူ စုစုပေါင်း ၃၂၇၅ယောက် ရှိသွားပါပြီ။

မနေ့က တရက်ထဲ ပိုးတွေ့လူနာသစ် ၇၈၇ ယောက် ရှိခဲ့တာဟာ မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါ တတိယလှိုင်းကာလအတွင်း ပိုးတွေ့သူအရေအတွက်အများဆုံးနဲ့ ပိုးတွေ့နှုန်း အများဆုံး စံချိန်တင်ခဲ့တာလည်းဖြစ်ပါတယ်။ ကူးစက်မှုပိုမြန်ပြီး အသက်သေစေနိုင်တဲ့ မျိုးရိုးဗီဇကွဲ ကိုဗစ်ရောဂါပိုးတွေ အခုလအတွင်း မြန်မာနိုင်ငံမှာ တွေ့ရှိထားတာကြောင့် အထူးဂရုစိုက်ကြဖို့ သတိပေးချက်တွေလည်း ထွက်ပေါ်နေပါတယ်။

စစ်အာဏာသိမ်းမှုကို မကျေနပ်လို့ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှု လုပ်နေကြတဲ့အထဲမှာ ကျန်းမာရေးဝန်ထမ်းတွေလည်း ထောင်နဲ့ချီ ပါဝင်နေတာကြောင့် မြန်မာ့ကျန်းမာရေး စနစ်က သိသိသာသာ ထိခိုက် ယိုယွင်းနေပါတယ်။ စေတနာ့ဝန်ထမ်း ကျန်းမာရေးစောင့်ရှောက် ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေကလည်း စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေကြောင့် ကူညီပေးနိုင်မှုတွေ နည်းပါးနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org