NLD ပဲခူးတိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ရွှေ အကျဉ်းထောင်တွင်း သေဆုံး
စစ်ကောင်စီက ဖမ်းဆီးထားတဲ့ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ရွှေ ဟာ ဒီနေ့ ဩဂုတ်လ ၁၆ ရက်နေ့ မနက်ပိုင်းမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ အကျဉ်းထောင်ထဲမှာ ကွယ်လွန်သွားပြီလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပဲခူးတိုင်း အလုပ်အမှုဆောင်အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
- 2021-08-16
-
-
-
စစ်ကောင်စီက ဖမ်းဆီးထားတဲ့ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ရွှေ ဟာ ဒီနေ့ ဩဂုတ်လ ၁၆ ရက်နေ့ မနက်ပိုင်းမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ အကျဉ်းထောင်ထဲမှာ ကွယ်လွန်သွားပြီလို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပဲခူးတိုင်း အလုပ်အမှုဆောင်အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ပဲခူးကျိုက်ကဇော်အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ဦးညွန့်ရွှေဟာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရ တာကြောင့် ပဲခူးမြို့ ကလိဆေးရုံမှာ တက်ရောက်ကုသနေစဉ် ဒီနေ့ မနက် ၅ နာရီ ၄၅ မိနစ်အချိန်မှာ ကွယ်လွန်သွားခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပဲခူးတိုင်း NLD ပါတီဝင်တွေက ပြောပါတယ်။
ပဲခူးတိုင်း အလုပ်အမှုဆောင်အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာလည်း ပဲခူးတိုင်း လွှတ်တော်ကိုယ်စားလှယ် တစ်ဦး ဖြစ်တဲ့ ဦးညွန့်ရွှေ ကွယ်လွန်သွားတဲ့အတွက် ဝမ်းနည်းကြောင်း ဖော်ပြထားပါတယ်။
စစ်ကောင်စီအနေနဲ့ အကျဉ်းထောင်တွေထဲမှာ ကိုဗစ်ရောဂါ ကာကွယ်တာဆီးမှု မရှိတာက နိုင်ငံရေးအကျဉ်း သားတွေကို သတ်ဖြတ်တဲ့နေရာမှာ ကိုဗစ်ကို လက်နက်သဖွယ် အသုံးချနေတာလို့လည်း NLD ပဲခူးတိုင်း အလုပ်အမှုဆောင်အဖွဲ့က ထုတ်ပြန်ချက်မှာ စွပ်စွဲထားပါတယ်။
စစ်တပ်က အာဏာသိမ်းပြီး ကိုးရက်အကြာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့ကစလို့ စစ်ကောင်စီက ဦးညွန့်ရွှေကို ဖမ်းဆီးထားတာဖြစ်ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပုဒ်မ ၂၅၊ တပ်မတော်ကို အကြည် ညိုပျက်စေမှု ပုဒ်မ ၅၀၅-က တို့နဲ့ တရားစွဲထားတာ ဖြစ်ပါတယ်။
ဦးညွန့်ရွှေဟာ ၂၀၁၅ ခုနှစ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ ပဲခူးမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီး၊ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာတော့ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ်အဖြစ် ပဲခူးမြို့ မဲဆန္ဒနယ်အမှတ် (၁) ကနေ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သူ ဖြစ်ပါတယ်။
NLD ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗဟိုအလုပ်အမှုဆောင် ဦးးဉာဏ်ဝင်း၊ မန္တလေးက အထူးကု ဆရာဝန်ကြီး ဒေါက်တာ မောင်မောင်ငြိမ်းထွန်း၊ မြင်းခြံမြို့က ဦးမောင်ဌေးနဲ့ အခု ပဲခူးတိုင်း လွှတ်တော် ကိုယ်စားလှယ် ဦးညွန့်ရွှေ အပါအဝင် စစ်ကောင်စီက ဖမ်းဆီးတရားစွဲထားချိန် အကျဉ်းထောင်ထဲမှာ ကိုဗစ်ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း လေးဦးရှိနေပြီဖြစ်ပါတယ်။