မြန်မာနိုင်ငံမှာ ကိုဗစ်ကြောင့် သေဆုံးသူ ၁၉၃၁၄ ဦး ရှိပြီ

ပိုးတွေ့နှုန်းက တစ်ရက်ပြီး တစ်ရက် မြင့်တက်လာနေတာပါ။ ဖေဖော်ဝါရီ ၁၄ ရက် ည ၈ နာရီကနေ ၁၅ ရက်ည ၈နာရီအတွင်း စစ်ဆေးချက်အရ အတည်ပြုလူနာ ၂၄၆၇ ဦး ရှိတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဌာနက မနေ့ညက သတင်းထုတ်ပြန်ပါတယ်။

၂ဝ၂၁ ခုနှစ် ဇူလိုင်လက ရန်ကုန်မြို့တွင် ကိုဗစ်-၁၉ ကူးစက်ပြီး သေဆုံးသွားသူတစ်ဦး၏ နေအိမ်ကို ပိုးသတ်ဆေး ဖြန်းရန် ကူညီနေသည့် ပရဟိတလူငယ်တစ်ဦး။ Photo: AFP

မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားမှုတွေ သိသိသာသာ ပြန်ပြီးရှိလာနေပါတယ်။ မနေ့က ၂၄ နာရီအတွင်းမှာပဲ ကိုဗစ် အတည်ပြုလူနာသစ် နှစ်ထောင့်လေးရာကျော် တွေ့ရှိပြီး သေဆုံးသူ သုံးဦးရှိတယ်လို့ စစ်ကောင်စီထိန်းချုပ်တဲ့ ကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ပိုးတွေ့နှုန်းက တစ်ရက်ပြီး တစ်ရက် မြင့်တက်လာနေတာပါ။ ဖေဖော်ဝါရီ ၁၄ ရက် ည ၈ နာရီကနေ ၁၅ ရက်ည ၈နာရီအတွင်း စစ်ဆေးချက်အရ အတည်ပြုလူနာ ၂၄၆၇ ဦး ရှိတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဌာနက မနေ့ညက သတင်းထုတ်ပြန်ပါတယ်။

အဲဒါကြောင့် မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာစုစုပေါင်း ငါးသိန်းငါးသောင်းကျော်နဲ့ သေဆုံးသူပေါင်း ၁၉၃၁၄ ဦး ရှိပါပြီ။

ရန်ကုန်တိုင်းအတွင်း ကိုဗစ်ရောဂါစစ်ဆေးမှုတွေကို ပိတ်ရက်မရှိ အရေးပေါ် တုံ့ပြန်ရေးအဖွဲ့တွေက စီစဉ်ပေးနေတယ်လို့လည်း မနေ့က ကြေညာချက် ထုတ်ပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက်ကနေ ၁၄ ရက်အတွင်း ကိုဗစ် အတည်ပြုလူနာ အများဆုံးတွေ့တာက ရန်ကုန်တိုင်းမှာ ၆ဝ၇ ဦး၊ ဧရာဝတီတိုင်းမှာ ၁၇ဝနဲ့ မွန်ပြည်နယ်မှာ ၁၄ဝ ရှိတယ်လို့ဆိုပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း စာရင်းကောက်ယူဖို့ ခက်ခဲသွားတာကြောင့် ရောဂါဖြစ်ပွားမှုနဲ့ကူးစက်မှု အရေအတွက်တွေဟာ စစ်ကောင်စီ ထိန်းချုပ်တဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ စာရင်းတွေထက် ပိုပြီးများနိုင်တယ်လို့ လူမှုကူညီရေးသမားတွေက ခန့်မှန်းကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org