ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီကို ယန်ဟီးလီကြိုဆို
ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းဖို့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်တဲ့အပေါ် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီက ကြိုဆိုလိုက်ပါတယ်။
-
2019-02-07 -
-
-
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ ကို တွေ့ရစဉ်
Photo: Htet Arkar/RFA
ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းဖို့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်တဲ့အပေါ် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီက ကြိုဆိုလိုက်ပါတယ်။
ဒါဟာ အပြုသဘောဆောင်တဲ့ တိုးတက်မှုတခုဖြစ်ပြီး၊ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ထူထောင်ရေး အတွက် အထောက်အပံ့ဖြစ်စေမယ်လို့ မျှော်လင့်ကြောင်းလည်း မစ္စယန်ဟီးလီက ပြောပါတယ်။
မြန်မာ ပြည်သူတွေအနေနဲ့ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်စေချင်ကြတဲ့အတွက် အခုဖွဲ့စည်းမယ့် ပူးပေါင်း ကော်မတီအနေနဲ့ လူထုဆန္ဒကို ဖြည့်ဆည်းပေးဖို့လည်း မစ္စယန်ဟီးလီက တိုက်တွန်းလိုက်ပါတယ်။
လက်ရှိ ဖွဲ့စည်းပုံဥပဒေဟာ ဒီမိုကရေစီနည်းလမ်းမကျတဲ့အတွက် ဒီဖွဲ့စည်းပုံကို မပြင်ဘူးဆိုရင် ဒီမိုကရေစီနိုင်ငံ တခုအဖြစ် သတ်မှတ်လက်ခံဖို့ မဖြစ်နိုင်ကြောင်းလည်း မစ္စယန်ဟီးလီက ပြောဆိုလိုက်ပါတယ်။