ဖွဲ့စည်းပုံဥပဒေမှာ ပြင်ဆင်ရန် အချက်များ ပြည်ခိုင်ဖြိုးပါတီ ဆုံးဖြတ်
2013.12.31
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ ဗဟိုကော်မတီ အစည်းအဝေးက ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး ပြင်ဆင်၊ ပယ်ဖျက်ဖို့ အကြံပြုချက်တွေထဲမှာ နိုင်ငံတော်သမ္မတဖြစ်ခွင့် အရည်အချင်း ကန့်သတ်ချက်လည်း ပါရှိတယ်လို့ သိရပါတယ်။
နေပြည်တော်မှာ ဒီဇင်ဘာလ ၂၈ ရက်ကနေ ၃၀ ရက်နေ့အထိ ၃ ရက်ကြာကျင်းပခဲ့တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီ ဗဟိုကော်မတီ အစည်းအဝေးကနေ ၂၀၀၈ ဖဲ့ွစည်းပုံ အခြေခံဥပဒေမှာ ပြင်ဆင်သင့်တဲ့ အချက် ၅၂ ချက်၊ ပယ်ဖျက်သင့်တဲ့ အချက် ၂၁ ချက်၊ စုစုပေါင်း ၇၃ ချက်ရှိတယ်လို့ သဘောတူဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။
သမ္မတအရည်အချင်း သတ်မှတ်ချက်တွေထဲက ပုဒ်မ ၅၉ (စ) ကို ပြင်ဆင်ထားတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားနှစ်ယောက်ဖြစ်သူ Kim Aris နဲ့ Alexander Aris တို့သာ မြန်မာနိုင်ငံသား အဖြစ်ခံယူမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်ရှိသွားပြီလို့ အစည်းအဝေး တက်ရောက်ခဲ့တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီ ဗဟိုကော်မတီဝင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ပြောပါတယ်။
" ၅၉ (စ) လုံးမှာ ကျွန်တော်တို့ပါတီက အခု သမတ်တွေ၊ ချွေးမတွေကို နိုင်ငံခြားသူဖြစ်ခွင့်ပေးထားတယ်၊ ဖြစ်ခွင့်ပေးထားတော့ ဒေါ်အောင်ဆန်းစုကြည်ကို မူတည်ပြီးပြောမယ်ဆိုရင် သူ့ယောင်္ကျားက သေသွားပြီဗျာထားလိုက်တော့ သေသွားပြီဆိုတော့ အစဉ်ပြေတယ်လို့ ကျွန်တော်က ယူဆတယ်၊ သူ့သားနှစ်ယောက်ကို ဒေါ်အောင်ဆန်းစုကြည်က သမ္မတလုပ်ချင်ရင် နိုင်ငံသားခံယူလိုက်ပေါ့ဗျာ၊ ဒါဆိုရင် သူ့ရဲ့ ချွေးမတွေက ပြဿနာမရှိဘူးလေ၊ သူ့သားနှစ်ယောက် မြန်မာနိုင်ငံသားဖြစ်သွားပြီ သူကိုယ်တိုင်ကလည်း မြန်မာနိုင်ငံသူဖြစ်တယ်၊ သူ့ယောင်္ကျားကလည်း သေသွားပြီဆိုတော့ ပြီးပြီပေါ့ ဒါဆိုရင် သူသမ္မတဖြစ်လို့ ရပြီပေါ့"
ဒါ့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့အတွက် ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းကျော် ရရှိရမယ်ဆိုတဲ့အစား ၇၅ ရာခိုင်နှုန်းလို့ ပြင်ဆင်အကြံပြုထားကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို ဖြုတ်ချချင်တယ်ဆိုရင် မဲဆန္ဒရှင်ပြည်သူတွေရဲ့ ထောက်ခံမှု ၁ ရာခိုင်နှုန်းရှိရမယ်ဆိုတဲ့ အစား ၂၀ ရာခိုင်နှုန်းလို့ တိုးပြီးအကြံပြုထားကြောင်းလည်း သိရပါတယ်။
လွှတ်တော်အသီးသီးမှာ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ကိုယ်စားပြုခွင့်နဲ့ ပတ်သက်ပြီးတော့ အပြောင်းအလဲမရှိကြောင်းလည်း သိရပါတယ်။
အဲ့ဒီ အကြံပြုချက်တွေကို ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားတဲ့ ဖဲ့ွစည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီဆီ ဒီနေ့ ပေးပို့မှာဖြစ်တယ်လို့ သိရပါတယ်။
ဦးလှဆွေကို RFA သတင်းထောက် မဇင်မာဝင်း ဆက်သွယ်မေးမြန်းချက်ကိုလည်း နားဆင်နိုင်ပါတယ်။