ပြည်တွင်းစစ် ရပ်စဲနိုင်ဖို့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးလို
2012.02.28

RFA
နိုင်ငံမှာ ဒီမိုကရေစီစနစ် ဖော်ဆောင်နိုင်အောင် စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့ လိုအပ်တဲ့အတွက် အခုလို တောင်းဆိုရတာဖြစ်တယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေးက ပြောပါတယ်။
မြစ်ကြီးနားမြို့ကို ရောက်ရှိနေတဲ့ ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့နဲ့ ကချင်ပြည်နယ် ငြိမ်းချမ်းရေးကို ဖော်ဆောင်နေတဲ့ ခေါင်းဆောင်တွေ၊ ဘာသာရေးအကြီးအကဲ ခေါင်းဆောင်တွေ၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ဘာသာရေး
အသင်းအဖွဲ့အစည်း အသီးသီးက ခေါင်းဆောင်တွေကို တွေ့ဆုံအပြီး ဒီကြေညာချက်ကို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
စစ်ဘေးဒဏ်သင့် တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေအတွက် လိုအပ်တဲ့ ထောက်ပံ့ကူညီမှုတွေ အဆင်ပြေချောမွေ့စွာ ရောက်ရှိနိုင်ဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးက ပူးပေါင်းကူညီ ဆောင်ရွက်ပေးရေးကိုလည်း ဒီကြေညာချက်မှာ
တောင်းဆိုထားပါတယ်။
ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုဂျင်မီ စတဲ့ ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့ဟာ ဖေဖော်ဝါရီ ၂၃ ရက်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကိုရောက်ရှိခဲ့ပါတယ်။ ၂၄ ရက်မှာ မြစ်ကြီးနားမြို့ အထက်ဘက် မြစ်ဆုံ
စီမံကိန်းတည်ရှိရာ တန်ဖရဲကျေးရွာမှာ ကျင်းပတဲ့ မြစ်ဆုံကျေးဇူး ပဲ့တင်သံဆိုတဲ့ပွဲကို တက်ရောက်ခဲ့ကြပြီးနောက် ကိုမင်းကိုနိုင်နဲ့ တချို့ မန္တလေးမြို့ကို ထွက်ခွာသွားပါတယ်။