တရုတ်နိုင်ငံ ဗဟိုစစ်ရေးကော်မရှင် ဒုတိယ ဥက္ကဌ မြန်မာနိုင်ငံကို ရောက်ရှိ

တရုတ်နိုင်ငံ ဗဟိုစစ်ရေးကော်မရှင် ဒုတိယ ဥက္ကဌ ဖန်ချန်လောင်း ( Fan Changlong ) ဟာ တနင်္လာနေ့က မြန်မာနိုင်ငံကို တရားဝင်အလည် အပတ် ရောက်ရှိလာခဲ့ပါတယ်။တရုတ်ဗဟိုစစ်ရေးကော်မရှင် ဒုဥက္ကဌဟာ ကာဇက်စတန်၊ မြန်မာနဲ့ ထိုင်း သုံးနိုင်ငံခရီးစဉ် လှည့်လည်နေတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံ ဗဟိုစစ်ရေးကော်မရှင် ဒုတိယ ဥက္ကဌ ဖန်ချန်လောင်း ( Fan Changlong ) ဟာ တနင်္လာနေ့က မြန်မာနိုင်ငံကို တရားဝင်အလည်အပတ် ရောက်ရှိလာခဲ့ပါတယ်။တရုတ်ဗဟိုစစ်ရေးကော်မရှင် ဒုဥက္ကဌဟာ ကာဇက်စတန်၊ မြန်မာနဲ့ ထိုင်း သုံးနိုင်ငံခရီးစဉ် လှည့်လည်နေတာ ဖြစ်ပါတယ်။  

တရုတ်ဗဟိုစစ်ရေးကော်မရှင် ဒုဥက္ကဌဟာ ကာဇက်စတန်၊ မြန်မာနဲ့ ထိုင်း သုံးနိုင်ငံခရီးစဉ် လှည့်လည်နေတာ ဖြစ်ပါတယ်။

ရန်ကုန် နိုင်ငံတကာလေဆိပ်ကို ရောက်ရှိချိန်အတွင်း ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ သူရဲ့ခရီးစဉ်ဟာ တရုတ် မြန်မာနှစ်နိုင်ငံရဲ့ မဟာဗျုဟာမြောက် အထွေထွေပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်ကို ပိုမိုခိုင်မြဲစေဖို့၊ နားလည်မှုတိုးပွားစေဖို့၊ ဘုံသဘောအမြင်ချင်းဖလှယ်ဖို့၊ နိုင်ငံနှစ်နိုင်ငံနဲ့ စစ်တပ်နှစ်ရပ်ကြား ရင်းရင်းနှီးနှီး ပူးတွဲဆောင်ရွက်မှုမြှင့်တင်ပြီး၊ ဒေသတွင်းတည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းကြဖို့ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

မြန်မာအနေနဲ့ တပ်မတော်ထူထောင်ရေးနဲ့ ကာကွယ်ရေးဆိုင်ရာ အသစ်ဖြစ်ထွန်းမှုတွေမှာ အောင်မြင်ပါစေလို့ ဆုတောင်းကြောင်းလည်း ပါရှိပါတယ်။

တရုတ်ဗဟိုစစ်ရေးကော်မရှင် ဒု ဥက္ကဌ ဖန်ချန်လောင်းဟာ ဒီကနေ့ နေပြည်တော်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် မြန်မာခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org