ဖွံ့ဖြိုးရေးအတွက် တရုတ်ချေးငွေ ဒေါ်လာသန်း ၁၀၀ သုံးစွဲ

မြန်မာနိုင်ငံမှာ လူမှုစီးပွား ဖွံ့ဖြိုးရေးအတွက် တရုတ်နိုင်ငံက ချေးယူခွင့်ရရှိထားတဲ့ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ထဲက သန်း ၁၀၀ ကို ထုတ်ချေးပေးနေပြီဖြစ်ကြောင်း သမဝါယမဝန်ကြီး ဦးကျော်ဆန်းက ဒီနေ့ ပြောလိုက်ပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ အဝေရာ မီးပုံးပျံကွင်းမှာ ဖေဖော်ဝါရီလ ၆ ရက်နေ့ကကျင်းပတဲ့ ရှမ်းပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ လူမှုစီးပွားဘဝမြှင့်တင်ရေး အခမ်းအနားကို တွေ့ရစဉ် photo: RFA/ Kyaw Myo Min

မြန်မာနိုင်ငံမှာ လူမှုစီးပွား ဖွံ့ဖြိုးရေးအတွက် တရုတ်နိုင်ငံက ချေးယူခွင့်ရရှိထားတဲ့ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ထဲက သန်း ၁၀၀ ကို ထုတ်ချေးပေးနေပြီဖြစ်ကြောင်း သမဝါယမဝန်ကြီး ဦးကျော်ဆန်းက ဒီနေ့ ပြောလိုက်ပါတယ်။

ရှမ်းပြည်နယ် ကျေးလက်ဒေသဖွံ့ ဖြိုးရေးနဲ့ လူမှုစီးပွားဘဝမြှင့်တင်ရေး အခမ်းအနားကို ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ အဝေရာ မီးပုံးပျံကွင်းမှာကျင်းပရာ ဝန်ကြီး ဦးကျော်ဆန်းက အခုလို ပြောခဲ့တာပါ။

“ယနေ့မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၇ဝဝ ချေးယူခွင့် ရရှိခဲ့ပြီး၊ ၎င်းအနက်မှ ပထမအရစ် ဒေါ်လာသန်း ၁ဝဝ ချေးယူကာ ပြည်သူများထံ ယခု ကဲ့သို့ချေးငွေများကို ဆက်လက် ထုတ်ပေးနေခြင်းဖြစ်ပါတယ်”

ရှမ်းပြည်နယ် မြို့နယ်ပေါင်း ၂၀ မှာရှိတဲ့ သမဝါယမအသင်း နှစ်ရာကျော်က အသင်းသား တစ်သောင်းလေးထောင်ကျော်အတွက် ငွေကျပ်သိန်းပေါင်း တစ်သောင်းငါးထောင်နီးပါးကို ချေးငွေအဖြစ် ထုတ်ချေးပေးခဲ့ပြီး ကျပ်သိန်းပေါင်း နှစ်သောင်းနီးပါးတန်ဖိုးရှိတဲ့ လယ်ယာနဲ့ လုပ်ငန်းသုံးစက်ကိရိယာတွေကို အရစ်ကျစနစ်နဲ့ ရောင်းချပေးခဲ့တယ်လို့လည်း ဝန်ကြီး ဦးကျော်ဆန်းက ပြောခဲ့ပါတယ်။

ဒီအခမ်းအနားကို နိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ ပြည်ထောင်စုဝန်ကြီးတွေ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နဲ့ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေအပြင် ရှမ်းပြည်နယ်မြို့နယ် အသီးသီးက သမဝါယမအသင်းသား စုစုပေါင်း ၃၅၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org