တရုတ်ကုမ္ပဏီတွေ မြန်မာ ကို လေးစားဖို့လိုအပ်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာ ပါ အကြုံပြုချက်တွေကို တရုတ် ဝမ်ပေါင် ကုမ္ပဏီအနေနဲ့ အလေးထားလိုက်နာဆောင်ရွက်ဖို့ လိုအပ် တယ်လို့ မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ တရုတ်အစိုးရ အာရှပစိဖိတ်ဒေသဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဝမ်ရင်ဖန်း Mr. Wang Yin Fang က ပြောပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာပါ အကြုံပြုချက်တွေကို တရုတ် ဝမ်ပေါင်ကုမ္ပဏီအနေနဲ့ အလေးထားလိုက်နာဆောင်ရွက်ဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ တရုတ်အစိုးရ အာရှပစိဖိတ်ဒေသဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဝမ်ရင်ဖန်း Mr. Wang Yin Fang က ပြောပါတယ်။

ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်မှာ မနေ့က နိုင်ငံရေးပါတီတွေ၊  လူမှုအဖွဲ့စည်းတွေနဲ့ တွေ့ဆုံဆွေးနွေးရာမှာ မစ္စတာ ဝမ်ရင်ဖန်း Mr. Wang Yin Fang က  ပြောကြားခဲ့တာဖြစ်ပါတယ်။

ဝမ်ပေါင်ကုမ္ပဏီအပါဝင် တရုတ်ကုမ္ပဏီတွေဟာ ပြည်ပနိုင်ငံတွေကိုထွက်ပြီး ရင်းနှီးမြှုပ်နှံမှုပြုလုပ်တာ ကာလတိုတောင်းသေးတဲ့အတွက် အတွေ့အကြုံအားနည်းချက်တွေကြောင့် လက်ပံတောင်းတောင်ပြဿနာလို  ကိစ္စရပ်တွေ ဖြစ်ပေါ်ခဲ့ရကြောင်းနဲ့ မိမိတို့တရုတ်အစိုးရအနေနဲ့ အလားတူပြဿနာတွေကို ရှောင်လွှဲနိုင်အောင် ပြည်ပမှာ သွားရောက်ရင်းနှီးမြှုပ်နှံမှုပြုလုပ်နေတဲ့ တရုတ်ကုမ္ပဏီတွေနဲ့ ပိုမိုပြီးထိတွေ့ဆောင်ရွက်မှာဖြစ်ကြောင်း၊ တရုတ်အစိုးရအရာရှိက ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် လက်ရှိမြန်မာနိုင်ငံရဲ့ အပြောင်းလဲကာလမှာ လူ့အခွင့်ရေး၊ သဘာဝပတ်ဝန်းကျင်အရေးအပါဝင် လက်ရှိမြန်မာလူထုရဲ့ အခွင့်ရေးဆိုင်ရာ စံသတ်မှတ်ချက်တွေဟာ ပိုမိုမြင့်မားလာတဲ့အတွက် ယခင်စစ်အစိုးရ လက်ထက်ကတည်းက လာရောက်ရင်းနှီးမြှုပ်နှံကြတဲ့ တရုတ်ကုမ္ပဏီတွေအနေနဲ့ လက်ရှိမြန်မာနိုင်ငံရဲ့ အပြောင်းအလဲနဲ့အညီ လိုက်နာဆောင်ရွက်ဖို့လိုတယ်လို့လည်း မစ္စတာ ဝမ်ရင်ဖန်းက ဆိုပါတယ်။

နှစ်ပေါင်း နှစ်ဆယ်ကျော်ကာလအတွင်း တရုတ်နိုင်ငံမှ အထူးအဆင့်မြင့် အရာရှိတစ်ဦးနဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါဝင် တခြားပါတီတွေ၊ အရပ်ဖက်လူမှုအဖွဲ့စည်းတွေ ပထမဆုံးတွေ့ဆုံခဲ့တဲ့ ဒီဆွေးနွေးပွဲမှာ  တက်ရောက်လာသူတွေကလည်း တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစတဲ့ ကဏ္ဍပေါင်းစုံဆက်ဆံမှုတွေမှာ နိုင်ငံတကာကျင့်ဝတ်စံနှုန်းတွေနဲ့အညီ လိုက်နာဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org