ဓာတုလက်နက် ဖျက်သိမ်းရေး အဖွဲ့ထဲ မြန်မာဝင်မည်

မြန်မာ၊ အင်ဂိုလာနဲ့ ဆူဒန်တောင်ပိုင်းနိုင်ငံတွေကို လာမယ့်လပိုင်းတွေအတွင်း အဖွဲ့ဝင်နိုင်ငံတွေဖြစ်လာဖို့မျှော်လင့်ကြောင်း OPCW ခေါ် ဓါတုလက်နက်ဖျက်သိမ်းရေးအဖွဲ့က ပြောပါတယ်။

မြန်မာ၊ အင်ဂိုလာနဲ့ ဆူဒန်တောင်ပိုင်းနိုင်ငံတွေကို လာမယ့်လပိုင်းတွေအတွင်း အဖွဲ့ဝင်နိုင်ငံတွေဖြစ်လာဖို့ မျှော်လင့်ကြောင်း OPCW ခေါ် ဓါတုလက်နက်ဖျက်သိမ်းရေးအဖွဲ့က ပြောပါတယ်။

နိုင်ငံပေါင်း ၁၈၈ နိုင်ငံပါဝင်တဲ့ ဓာတုလက်နက် ဖျက်သိမ်းရေး သဘောတူညီချက်ကို သက်တမ်း ၁၅ နှစ်ရှိပြီဖြစ်တဲ့ OPCW ဓါတုလက်နက်ဖျက်သိမ်းရေးအဖွဲ့က ဦးဆောင်စီစဉ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ ဓါတုလက်နက် ဖျက်သိမ်းရေး သဘောတူညီတဲ့နိုင်ငံတွေထဲမှာ မြန်မာအပါအဝင်  နိုင်ငံ ၈ နိုင်ငံ မပါဝင်သေးပဲ ရှိနေပါတယ်။

အဖွဲ့ဝင်ဖြစ်တဲ့ လစ်ဗျားနိုင်ငံမှာတော့ သိုလှောင်ထားတဲ့ သက်တမ်းလွန်ဓါတုဗေဒ အဆိပ်ဓါတ်ငွေ့လက်နက်တွေဖျက်ဆီးတဲ့ အစီအစဉ်ကို နှစ်နှစ်ကျော်ရပ်ဆိုင်းထားခဲ့ရာက မကြာခင်ပြန်စတော့မယ်လို့ မျှော်လင့်ရကြောင်း ဓါတုလက်နက်ဖျက်သိမ်းရေးအဖွဲ့က ပြောပါတယ်။

လစ်ဗျားအစိုးရသစ်အတွက် တရားဥပဒေစိုးမိုးရေးဖေါ်ဆောင်ရာမှာ အာဏာရှင် ကဒါဖီလက်ထက်က သိုလှောင်ထားတဲ့ ဓါတုလက်နက်တွေဟာ ပြဿနာတစ်ရပ်ဖြစ်နေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org