ကမ္ဘာ့အပူဆုံးမြို့တွေထဲ ချောက်နဲ့ မကွေးမြို့ ပါဝင်လာ

ချောက်မြို့နဲ့ မကွေးမြို့တို့ဟာ ကမ္ဘာ့အပူဆုံး ၁၅ မြို့စာရင်းထဲမှာ ပါဝင်လာကြောင်း ကမ္ဘာ့အပူချိန်နဲ့ မိုးရေချိန်တွေကို အချိန်နဲ့အလိုက် ထုတ်ပြန်နေတဲ့ အယ်ဒိုရာဒို (eldorado) ၀ဘ်ဆိုက်စာမျက်နှာက မတ် ၁၇ ရက်နေ့ မနက်ပိုင်းမှာ ဖော်ပြပါတယ်။

ချောက်မြို့နယ်ရှိ ရေနံလုပ်ကွက်တစ်ခုကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလအတွင်းက တွေ့ရစဉ်။

မကွေးတိုင်း ချောက်မြို့နဲ့ မကွေးမြို့တို့ဟာ ကမ္ဘာ့အပူဆုံး ၁၅ မြို့စာရင်းထဲမှာ ပါဝင်လာကြောင်း ကမ္ဘာ့အပူချိန်နဲ့ မိုးရေချိန်တွေကို အချိန်နဲ့အလိုက် ထုတ်ပြန်နေတဲ့ အယ်ဒိုရာဒို (eldorado) ၀ဘ်ဆိုက်စာမျက်နှာက မတ်လ ၁၇ ရက်နေ့ မနက်ပိုင်းမှာ ဖော်ပြပါတယ်။

ချောက်မြို့ရဲ့ အမြင့်ဆုံးအပူချိန်ဟာ ၄၄ ဒသမ ၃ ဒီဂရီ ဆဲလ်စီးယပ် (၁၁၁ ဒသမ ၂ ဒီဂရီဖာရင်ဟိုက်) အထိရှိနေပြီး ကမ္ဘာ့အပူချိန်အမြင့်ဆုံး မြို့တွေထဲ ဒုတိယနေရာမှာ ရှိနေပါတယ်။

မကွေးမြို့ကလည်း အမြင့်ဆုံးအပူချိန် ၄၃ ဒသမ ၂ ဒီဂရီ ဆဲလ်စီးယပ် (၁၀၉ ဒသမ ၇၆ ဒီဂရီဖာရင်ဟိုက်) အထိရှိ နေပြီး အဆင့် ၁၃ မှာ ရှိနေပါတယ်။

စစ်ကောင်စီ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ မတ်လလယ် (မတ်လ ဒုတိယ ၁၀ ရက်) အတွက် ခန့်မှန်းချက်အရ မကွေးတိုင်းအပါအဝင် တိုင်းနဲ့ပြည်နယ် ရှစ်ခုထက်မနည်းမှာ မတ်လရဲ့ ပျမ်းမျှအပူချိန်ထက် ၁ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယပ် (၃၄ ဒသမ ၇ ဒီဂရီဖာရင်ဟိုက်) အထက် ပိုနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

၂၀၂၄ ခုနှစ် နွေရာသီကတုန်းကလည်း အားအနည်းငယ် ပြင်းထန်တဲ့ အယ်လ်နီညို အပူလှိုင်းကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းက ပူပြင်းခြောက်သွေ့တဲ့ ချောက်မြို့နယ်အပါအဝင် မကွေးတိုင်းနဲ့ မန္တလေးတိုင်းတို့မှာ လူသေဆုံးထိခိုက်မှုတွေ ရှိခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org