ဆောမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် လေးဦးထိခိုက်ဒဏ်ရာရ

RFA Burmese
2024.10.31
ဆောမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် လေးဦးထိခိုက်ဒဏ်ရာရ မကွေးတိုင်း ဆောမြို့နယ် ကံချောင်းကျေးရွာ လေကြောင်းတိုက်ခိုက်ခံရအပြီး ပျက်စီးသွားသည့် အဆောက်အဦတချို့အား ၂ဝ၂၄ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

မကွေးတိုင်း၊ ဆောမြို့နယ်၊ ကံချောင်းရွာကို အောက်တိုဘာ ၃၁ ရက်နေ့ မနက်က စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် လေးဦးထိခိုက်ဒဏ်ရာရပြီး အဆောက်အဦတချို့လည်း ပျက်စီးခဲ့ပါတယ်။

မနက်အစောပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲသွားတာလို့ ဒေသခံတွေနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

"၁၂ နာရီလောက်မှာ ကံချောင်းရွာကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာ ပြည်သူ လေးဦး ပြင်းထန်ဒဏ်ရာရတယ်လို့ သိရတယ်။ ဆေးပေးခန်းနဲ့ လူနေအိမ် ထိသွားတယ်။ အသေးစိတ်တော့ မသိရဘူး"

အခြေအနေအသေးစိတ်သိရဖို့ ဒေသခံတွေကို RFA က ဆက်သွယ်ပေမဲ့ လက်တလော ဆက်သွယ်လို့ မရသေးပါဘူး။

စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်တယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ဉာဏ်လင်းသစ် သုတေသနအဖွဲ့ရဲ့ အောက်တိုဘာလ ၁၀ ရက်နေ့ ထုတ်ပြန်ချက်အရ အခုနှစ် မေလကနေ ဩဂုတ်လအထိ လေးလအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု နေ့တိုင်းလုပ်နေပြီး အရပ်သား ၄၅၅ ဦး သေဆုံးခဲ့သလို ၈၁၉ ဦး ဒဏ်ရာရခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။