Channel Mandalay သတင်းထောက်ချုပ်ကို ပုဒ်မပြောင်းလဲ တရားစွဲ

စဉ့်ကိုင်မြို့နယ်မှာ အဖမ်းခံလိုက်ရတဲ့ မန္တလေးမြို့အခြေစိုက် Channel Mandalay သတင်းဌာနရဲ့ သတင်းထောက်ချုပ် ကိုဝင်းနိုင်ဦး ကို အရင်စွဲဆိုထားတဲ့ ပုဒ်မ ၅၀၅ (က) အစား အကြမ်းဖက်တိုက်ဖျက်ရေး ပုဒ်မ ၅၂ (က) နဲ့ ပြောင်းလဲတရားစွဲဆို လိုက်ပါတယ်။

Channel Mandalay သတင်းဌာနရဲ့ သတင်းထောက်ချုပ် ကိုဝင်းနိုင်ဦး ကို တွေ့ရစဥ်

မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်မှာ အဖမ်းခံလိုက်ရတဲ့ မန္တလေးမြို့အခြေစိုက် Channel Mandalay သတင်းဌာန ရဲ့ သတင်းထောက်ချုပ် ကိုဝင်းနိုင်ဦး ကို အရင်စွဲဆိုထားတဲ့ ပုဒ်မ ၅၀၅ (က) အစား အကြမ်းဖက်တိုက်ဖျက် ရေး ပုဒ်မ ၅၂ (က) နဲ့ ပြောင်းလဲတရားစွဲဆိုလိုက်ပါတယ်။

ကိုဝင်းနိုင်ဦးဟာ စက်တင်ဘာလမှာ အဖမ်းခံခဲ့ရပြီး ပုဒ်မ ၅၀၅ (က) နဲ့ စဉ့်ကိုင်မြို့နယ်တရားရုံးမှာ တရားစွဲဆို ခံထားရပေမယ့် အောက်တိုဘာလ ၂၂ ရက်နေ့မှာတော့ ပုဒ်မပြောင်းလဲပြီး တရားစွဲဆိုခံလိုက်ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိသားစုတဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“သောကြာနေ့က အမှုပယ်ဖျက်လိုက်ပြီဆိုပြီး ပြောတယ်၊ တရားရုံးကိုခေါ်သွားပြီး အကြမ်းဖက်နဲ့ ပြန်စွဲ တယ်၊ တကယ်သာ အကြမ်းဖက်ကျူးလွန်ခဲ့ရင် အစကတည်းက အကြမ်းဖက်ဥပဒေနဲ့ပါထည့်စွဲလေ၊ ၅၀၅ (က) နဲ့ စွဲထားပြီး ဒီပုဒ်မတွေကို ပြန်လွှတ်ပေးမှ နောက်ပုဒ်မတစ်ခု တပ်ပြီးထပ်စွဲတာက မဖြစ်သင့်ဘူး” လို့ ဆိုပါတယ်။

ကိုဝင်းနိုင်ဦးဟာ မိသားစုနဲ့အတူ စဉ့်ကိုင်မြို့က မိတ်ဆွေတစ်ဦးရဲ့ သရက်ခြံမှာ သွားရောက်နေထိုင်ရင်း ခြံပိုင်ရှင်ရဲ့ ဆွေးမျိုးတော်စပ်သူကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့နဲ့ ဆက်စပ်တယ်ဆိုပြီး စစ်ကောင်စီတပ်သား တွေ ၀င်ရောက်ဖမ်းဆီးချိန်မှာပဲ အတူတူအဖမ်းခံလိုက်ရတာပါ။

ဖမ်းဆီးခံလိုက်ရတဲ့ ဇနီးကိုတော့ နှစ်ပတ်အကြာမှာ ပြန်လွှတ်ပေးခဲ့ပြီး ကိုဝင်းနိုင်ဦးကို လတ်တလော မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်မှာ ဖမ်းထားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

စစ်ကိုင်းမြို့အခြေစိုက် ဇေယျာတိုင်းသတင်းဌာနက အယ်ဒီတာအပါအဝင် သတင်းထောက် ငါးဦးကိုလည်း နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မတွေအပြင် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒပုဒ်မတွေနဲ့ပါ အမှုဖွင့် ထားတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org