ပဲခူးက CDM ကျောင်းဆရာမ တစ်ဦး ဖမ်းဆီးခံရ
ပဲခူးမြို့ အနောက်ပိုင်း အ.ထ.က(၇)ကျောင်းက အထက်တန်းပြ ဆရာမ ဒေါ်အေး အေးသက် ကို စစ်ကောင်စီတပ်တွေက ဧပြီ ၂၅ ရက် ဒီကနေ့မနက် ၁၁ နာရီခွဲ လောက်မှာ နေအိမ်ကနေ လာရောက်ဖမ်းဆီးသွားကြောင်း "မြေလတ်အသံ" သတင်းမှာ ဖော်ပြထားပါတယ်။
- 2021-04-25
-
-
-
ပဲခူးမြို့ အနောက်ပိုင်း အ.ထ.က(၇)ကျောင်းက အထက်တန်းပြ ဆရာမ ဒေါ်အေးအေးသက် ကို တွေ့ရစဉ်
Photo: CJ
ပဲခူးမြို့ အနောက်ပိုင်း အ.ထ.က(၇)ကျောင်းက အထက်တန်းပြ ဆရာမ ဒေါ်အေးအေးသက်ကို စစ်ကောင်စီ တပ်တွေက ဧပြီ ၂၅ ရက် ဒီကနေ့မနက် ၁၁ နာရီခွဲလောက်မှာ နေအိမ်ကနေ လာရောက်ဖမ်းဆီးသွားကြောင်း "မြေလတ်အသံ" သတင်းမှာ ဖော်ပြထားပါတယ်။
ဆရာမ ဒေါ်အေးအေးသက်ကို ပဲခူးအနောက် သပြေကုန်း ဘိုးဘွားရိပ်သာရှေ့ မဇင်းရပ်ကွက်၊ သပြေကုန်း ၁ လမ်း နေအိမ်ကနေ ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။
"ဆရာမက CDM လုပ်ထားတာဖြစ်တယ်။ ရှောင်နေရာကနေ အိမ်ခဏပြန်ရင်း အဖမ်းခံရတာ" လို့ ရပ်ကွက်အတွင်း နေထိုင်သူ တစ်ဦးကို ကိုးကားပြီး "မြေလတ်အသံ" သတင်းမှာ ဖော်ပြထားပါတယ်။
၈၈ မျိုးဆက် ကျောင်းသားဟောင်း တစ်ဦးဖြစ်တဲ့ CDM လုပ်ထားတဲ့ ဆရာမ ဒေါ်အေးအေးသက်ကို စစ်ကောင်စီက ၅၀၅(က)နဲ့ ဖမ်းဝရမ်းထုတ်ထားကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။