CDM ဝင်နေတဲ့ သစ်တောဝန်ထမ်း သေဆုံး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် သစ်တောဦးစီးဌာနက CDM လုပ်ဆောင်နေတဲ့ တောခေါင်း ကိုထွန်းထက်အောင်(ခ) ဖိုးငယ်ဟာ ရိုက်နှက်ခံရတဲ့ ဒဏ်ရာနဲ့ ဒီကနေ့ သေဆုံးသွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က ရိုက်နှက်လို့ သေဆုံးသွားတဲ့ တောခေါင်း ကိုထွန်းထက်အောင်(ခ) ဖိုးငယ်ဟာရဲ့ ရုပ်အလောင်းကို တွေ့ရစဉ် Photo: Citizen Journalist

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် သစ်တောဦးစီးဌာနက CDM လုပ်ဆောင်နေတဲ့ တောခေါင်း ကိုထွန်းထက်အောင် (ခ) ဖိုးငယ်ဟာ ရိုက်နှက်ခံရတဲ့ ဒဏ်ရာနဲ့ ဒီကနေ့ သေဆုံးသွားတယ်လို့ သိရပါတယ်။

ကိုထွန်းထက်အောင်ဟာ CDM လုပ်ဆောင်နေသူတွေထဲက ပထမဆုံးသေဆုံးသူဖြစ်ပြီး အလုံမြို့၊ မုန်တိုင်း ရပ်ကွက်က ဖြစ်ပါတယ်။

အခုလ ၁၅ ရက်နေ့က ကျောက်က္ကာလမ်းနဲ့ တိုင်းရင်းဆေးရုံအနီးမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲဝင်တွေက ဖမ်းဆီး ရိုက်နှက်ခဲ့တာဖြစ်ပါတယ်။

အဲဒီဒဏ်ကြောင့် ခေါင်မှာသွေးခဲနေပြီး အချိန်ကြာမြင့်စွာ ကုသခွင့်မရခဲ့ဘဲ မုံရွာဆေးရုံကြီးကနေ မန္တလေး ဆေးရုံကို ပို့ဆောင်ကုသနေရာကနေ ဒီကနေ့ မနက်မှာတော့ သေဆုံးသွားတာလို့သိရပါတယ်။

မုံရွာမြို့မှာ ဒီကနေ့အထိဆို သေဆုံးသူ ၁၁ ယောက်ရှိသွားပါပြီ။

မုံရွာမြို့မှာလည်း ဆန္ဒပြတာတွေကို နေ့စဥ်ရက်ဆက် လိုက်လံဖမ်းဆီး၊ ဖြိုခွင်းတာတွေရှိနေပေမယ့် ပြည်သူတွေဟာ ဆန္ဒပြတာတွေနေ့စဥ် လုပ်ဆောင်နေကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org