CDM လုပ်ထွက်ပြေးလာတဲ့ တပ်မတော်သားတစ်ဦး မိသားစုနဲ့အတူ အခက်အခဲဖြစ်နေ

တပ်မ ၂၂ လက်အောက်ခံ၊ ကရင်ပြည်နယ် ဘားအံမြို့အခြေစိုက် အမှတ် ၂၀၂ ခြေမြန်တပ်ရင်းက တပ်မတော်သား တစ်ယောက်ဟာ၊ ပြီးခဲ့တဲ့ဧပြီလ သင်္ကြန် မတိုင်ခင်ကတည်းက မိသားစုနဲ့အတူ CDM လုပ်ဖို့ မိခင်တပ်ရင်းကနေ ထွက်ပြေး လာပြီးနောက် CRPH နဲ့လည်း အဆက်သွယ်မရပဲ၊ လက်ရှိပုန်းရှောင်နေတဲ့ရွာမှာ အခက်အခဲဖြစ်နေတယ်လို့ RFA ကို ဒီကနေ့ မေလ ၂၆ ရက်နေ့မှာ ဆက်သွယ်ပြောကြားလာပါတယ်။

စစ်အာဏာဖီဆန်တဲ့ CDM ဆိုင်းဘုတ်ရှေ့မှာ ရပ်နေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တစ်ဦးကို ရန်ကုန်မြို့မှာ တွေ့ရစဉ်

တပ်မ ၂၂ လက်အောက်ခံ၊ ကရင်ပြည်နယ် ဘားအံမြို့အခြေစိုက် အမှတ် ၂၀၂ ခြေမြန်တပ်ရင်းက တပ်မ တော်သား တစ်ယောက်ဟာ၊ ပြီးခဲ့တဲ့ဧပြီလ သင်္ကြန်မတိုင်ခင်ကတည်းက မိသားစုနဲ့အတူ CDM လုပ်ဖို့ မိခင်တပ်ရင်းကနေ ထွက်ပြေး လာပြီးနောက် CRPH နဲ့လည်း အဆက်သွယ်မရပဲ၊ လက်ရှိပုန်းရှောင် နေတဲ့ရွာမှာ အခက်အခဲဖြစ်နေတယ်လို့ RFA ကို ဒီကနေ့ မေလ ၂၆ ရက်နေ့မှာ ဆက်သွယ်ပြောကြား လာပါတယ်။

တပ်ကနေထွက်လာပြီးနောက် ပြန်လှည့်လို့လည်း မရတော့လို့ CRPH ရဲ့ လမ်းညွန်မှုအောက်ကနေ လုံခြုံရေးအတွက် အကူအညီရချင်တာကြောင့်၊ CRPH ထံ အွန်လိုင်းကနေ ဆက်သွယ်ထားပေမယ့် အဆက်အသွယ်မရဘူးလို့ အဲဒီတပ်သားကိုယ်တိုင်က ပြောပါတယ်။

အဲဒီစစ်သားဟာ ချင်းပြည်နယ် တီးတိန်မြို့ကဖြစ်ပေမယ့်၊ ချင်းပြည်နယ်ဘက်မှာ တိုက်ပွဲတွေဖြစ်နေတာ ကြောင့် နယ်လည်းမပြန်ရဲဖြစ်နေပြီး ဇနီး၊ ကလေးသုံးယောက်နဲ့အတူ ပြည်တွင်းမှာပဲ ဘယ်သွားရမှန်းမသိပဲ မိသားတစ်စုလုံးရဲ့ လုံခြုံရေး စိုးရိမ်နေရတယ်လို့ ပြောပါတယ်။

နှစ်လနီးပါးကြာ ရွာတစ်ရွာမှာ သားသမီးတွေနဲ့အတူ ပုန်းရှောင်နေရတာဖြစ်လို့၊ လုံခြုံရေးအတွက် အကူ အညီပေးနိုင်မယ့်အဖွဲ့ ဒါမှမဟုတ် CRPH လိုအဖွဲ့မျိုးရဲ့ အကူအညီအောက်ကို ရောက်လိုတယ်လို့လည်း CDM လုပ်ပြီး အခက်တွေ့နေတဲ့ အဲဒီတပ်သားက RFA ကို ပြောပါတယ်။

သူနဲ့ မိသားတစ်စုလုံး အခုချိန်ထိ လုံခြုံဘေးကင်းတဲ့နေရာကို မရောက်သေးတာကြောင့်၊ CDM လုပ်ထားတဲ့ အဲဒီ တပ်မတော်သားရဲ့ ကိုယ်ပိုင်အမှတ်၊ နာမည်နဲ့ လက်ရှိနေရပ်ကို RFA က လက်ခံရရှိထားပေမယ့် ကာယကံရှင်ရဲ့ ဆန္ဒအရ ပြန်လည်ဖော်ပြပေးနိုင်ခြင်း မရှိပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org