ကန်ပက်လက်မှာ စစ်ကောင်စီနဲ့ CDF တို့ တိုက်ပွဲဖြစ်၊ မြို့ပေါ်နေဒေသခံတွေ ထွက်ပြေးနေရ

ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်နဲ့ မင်းတပ်သွားရာလမ်း မကြားရွာ၊ ခဲလုံသာရွာနဲ့ စုန်ရွာတွေမှာ စစ်ကောင်စီတပ်နဲ့ ချင်းဒေသပြည်သူ့ကာကွယ်ရေးတပ် CDF တို့ မေလ ၂၈ ရက်နေ့ကနေ မေ ၃၀ ရက်နေ့အထိ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ကန်ပက်လက်မြို့ဒေသခံတွေ ထွက်ပြေးနေကြရပါတယ်။

ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတာကို တွေ့ရစဉ် Photo: Citizen Journalist

ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်နဲ့ မင်းတပ်သွားရာလမ်း မကြားရွာ၊ ခဲလုံသာရွာနဲ့ စုန်ရွာတွေမှာ စစ်ကောင်စီတပ်နဲ့ ချင်းဒေသပြည်သူ့ကာကွယ်ရေးတပ် CDF တို့ မေလ ၂၈ ရက်နေ့ကနေ မေ ၃၀ ရက်နေ့ အထိ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ကန်ပက်လက်မြို့ဒေသခံတွေ ထွက်ပြေးနေကြရပါတယ်။

အဲဒီတိုက်ပွဲအတွင်း CDF ဘက်က နှစ်ဦး သေဆုံးခဲ့တယ်လို့ ကန်ပက်လက် CDF အဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ အဖွဲ့ဘက်က ကျဆုံးတာ နှစ်ယောက်တော့ သေချာတယ်။ စစ်တပ်ဘက်က သေဆုံးတာ တော့ ရှိတယ်။ ဘယ်နှစ်ယောက် သေတယ်ဆိုတာတော့ သေချာ Confirm မသိသေးဘူးဗျ။”

လက်ရှိ ဖြစ်ပေါ်နေတဲ့ တိုက်ပွားတွေကြောင့် ကန်ပက်လက်မြို့ပေါ် နေထိုင်ကြတဲ့ ဒေသခံတွေအားလုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေကြပြီး မြို့ပေါ်မှာ လူမရှိသလောက် ဖြစ်နေတယ်လို့ ဆိုပါတယ်။

၂၀၂၀ ဇန်နဝါရီလမှာ ကောက်ယူထားတဲ့ စာရင်းတွေအရဆိုရင် ကန်ပက်လက်မြို့မှာ အိမ်ခြေပေါင်း ၅၉၀ ရှိပြီး လူဦးရေ ၄၁၁၈ ဦး ရှိတယ်လို့ ကန်ပက်လက်အုပ်ချုပ်ရေးဌာန စာရင်းအရ သိရပါတယ်။

ဇွန်လ ၁ ရက်နေ့ ညနေပိုင်းမှာ စစ်သားတွေက လူမရှိတဲ့အိမ်တွေကို ဖောက်ထွင်းဖျက်ဆီးပြီး ပစ္စည်းတွေ ယူဆောင်တာမျိုးတွေရှိတယ်လို့ ကန်ပက်လက်ဒေသခံတွေက ပြောပေမယ့် သီးခြားအတည်မပြုနိုင် သေးပါဘူး။

ပြီးခဲ့တဲ့ မေလ ၃၀ ရက်နေ့မှာ ကန်ပက်လက်မြို့ပေါ်ကို ဈေးသွားဝယ်တဲ့ လူငယ် နှစ်ဦးကို စစ်ကောင်စီဘက်က ဖမ်းသွားပြီး အခုအချိန်ထိ ပြန်မလွှတ်ပေးသေးပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org