သတ်ဖြတ်နေတာတွေကို ချက်ချင်းရပ်ဖို့ စစ်ကောင်စီကို ချားလ်စ်မောင်ဘိုပြော

ပြည်သူတွေကို ရက်စက်ကြမ်းကြုတ်စွာ ဖြိုခွဲသတ်ဖြတ်နေတာတွေကို ချက်ခြင်းရပ်ပစ်ဖို့ မြန်မာနိုင်ငံ ကက်သလစ် ခရစ်ယာန်ဂိုဏ်းချုပ် ဘုန်းတော်ကြီး ကာဒီနယ် ချားလ်စ်မောင်ဘိုက စစ်ကောင်စီကို မတ်လ ၁၅ ရက်နေ့ ဒီကနေ့ အိတ်ဖွင့်ပေးစာ ပို့လိုက်ပါတယ်။

မြန်မာနိုင်ငံ ကက်သလစ် ခရစ်ယာန်ဂိုဏ်းချုပ် ဘုန်းတော်ကြီး ကာဒီနယ် ချားလ်စ်မောင်ဘို။ Photo: AFP

ပြည်သူတွေကို ရက်စက်ကြမ်းကြုတ်စွာ ဖြိုခွဲသတ်ဖြတ်နေတာတွေကို ချက်ခြင်းရပ်ပစ်ဖို့ မြန်မာနိုင်ငံ ကက်သလစ် ခရစ်ယာန်ဂိုဏ်းချုပ် ဘုန်းတော်ကြီး ကာဒီနယ် ချားလ်စ်မောင်ဘိုက စစ်ကောင်စီကို မတ်လ ၁၅ ရက်နေ့ ဒီကနေ့ အိတ်ဖွင့်ပေးစာ ပို့လိုက်ပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံထားရသူ အားလုံးကိုလွှတ်ပေးဖို့နဲ့ အသိဉာဏ်ကင်းမဲ့ပြီး စိတ်ပျက်စရာကောင်းတဲ့ နိုင်ငံအဖြစ် သတ်မှတ်မခံရအောင် ရက်စက်ကြမ်းကြုတ်တဲ့ လမ်းကို စွန့်ခွာကြဖို့လည်း ချားလ်စ်မောင်ဘိုက တိုက်တွန်းထားပါတယ်။

ဒီအိတ်ဖွင့်ပေးစာကို လက်ရှိအာဏာသိမ်းယူထားတဲ့ စစ်ကောင်စီ၊ အထိန်းသိမ်းခံထားရတဲ့ ရွေးကောက်ခံ ခေါင်းဆောင်တွေ အပါအဝင် မြန်မာပြည်သူတစ်ရပ်လုံးကို လိပ်မူရေးထားတာဖြစ်ပါတယ်။

လူပေါင်းများစွာ သေဆုံးထိခိုက်နေပြီဖြစ်ပြီး မြေကျခဲ့ရတဲ့သွေးတွေဟာ ရန်သူ့သွေးမဟုတ်ဘဲ မိမိတို့ညီအကို၊ မောင်နှမ နိုင်ငံသူနိုင်ငံသားများရဲ့သွေးဖြစ်တဲ့အတွက် သတ်ဖြတ်မှုတွေကို ချက်ခြင်းရပ်တန့်ဖို့နဲ့ ဒီအကျပ်အတည်းကို သွေးမြေကျစေတဲ့လုပ်ရပ်တွေနဲ့ ဖြေရှင်းလို့မရဘူးလို့လည်း မိန့်ကြားထားပါတယ်။

ကာဒီနယ် ချားလ်စ် မောင်ဘို အာရှကက်သလစ်ဘုန်းတော်ကြီးများ အဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org