ရှမ်းရွာသား ၅၀ လောက်နီးပါးကို လက်နက်ကိုင်တစ်စု ဖမ်းဆီးခေါ်ဆောင်သွား

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး-နမ္မတူ ကားလမ်းပေါ်က အီနိုင်းကျေးရွာ၊ ပန်ဟုမ်းကျေးရွာ၊ လွယ်တောက်ကျေးရွာနဲ့ ကောင်းခါးကျေး ရွာတွေက ဒေသခံ ငါးဆယ်နီးပါးလောက်ကို အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့က ရွာထဲဝင်ပြီး အတင်း အဓမ္မခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး-နမ္မတူ ကားလမ်းပေါ်က လွယ်တောက်ကျေးရွာကို တွေ့ရစဉ် Photo: Kan Thar/RFA

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး-နမ္မတူကားလမ်းပေါ်က အီနိုင်းကျေးရွာ၊ ပန်ဟုမ်းကျေရွာ၊ လွယ်တောက်ကျေးရွာ နဲ့ ကောင်းခါးကျေးရွာတွေက ဒေသခံ ငါးဆယ်နီးပါးလောက်ကို အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့က ရွာထဲဝင်ပြီး အတင်းအဓမ္မခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၆ ရက်နေ့က ကောင်းခါးကျေးရွာထဲဝင်ပြီး လက်နက်ကိုင်အဖွဲ့တစ်ခုက ခေါ်ဆောင်သွား တာဖြစ်တယ်လို့ ကောင်းခါးကျေးရွာက ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ပါသွားတယ်လို့ ယူဆရတာပေါ့နော်၊ ၂၆ ရက်နေ့ ညနေကပေါ့၊ ရွာမှာလာဖမ်းသွားတယ်၊ ဘယ်အဖွဲ့မှန်းကို မသိဘူး၊ ကြောက်လို့ ကျမတို့လည်း အကုန်လုံးပြေးကြတာ၊ အခုဒီရွာကလူကတော့ သူ့မိန်းမ ကိုယ်ဝန်ဆောင် ထားတာရှိတယ်၊ ကလေးနှစ်ယောက် အမေတစ်ဦးရယ်၊ နောက်တစ်ယောက်ကျတော့ ကလေးသုံးယောက်နဲ့ ကိုယ်ဝန်ရှိတယ်ပေါ့နော်၊ အဲ့ဒါလည်းပါသွားတယ်၊ တစ်ယောက်ကတော့ လူငယ်၊ တစ်ယောက်ကတော့ သားနှစ်ယောက်ရှိတယ်၊ အဲ့ဒါလောလောဆယ်တော့ မတွေ့ဘူးဖြစ်နေတယ်"

အဲဒီလက်နက်ကိုင်အဖွဲ့ဟာ ဘယ်အဖွဲ့က ဖြစ်တယ်ဆိုတာ အတိအကျမပြောနိုင်သေးပဲ အီနိုင်းကျေးရွာက လူဦးရေသုံးဆယ်၊ ပန်ဟုမ်းကျေးရွာက နှစ်ဦး၊ လွယ်တောက်ကျေးရွာက လေးဦး၊သိန္နီကောင်းခါးကျေးရွာက ငါးဦး ပါသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

အဲဒီလို ကျေးရွာတွေထဲကိုဝင်ရောက်ပြီး အဓမ္မလူတွေခေါ်ဆောင်နေတာကြောင့် ကျေးရွာသားတချို့ဟာ လားရှိုးမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်နေသူတွေရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org