မြန်မာ့အခြေအနေ မတိုးတက်ရင် ပိတ်ဆို့မှုတွေပြန်စဖို့ ဗြိတိန် ပါလီမန် တိုက်တွန်း

လာမယ့် နှစ်အတွင်း မြန်မာနိုင်ငံရဲ့လူ့ အခွင့်အရေးအခြေအနေတွေ တိုးတက် မလာဘူးဆိုရင် EU ဥရောပသမဂ္ဂ အနေနဲ့ ပိတ်ဆို့ဒဏ်ခတ် အရေးယူ တာတွေ ပြန် လည် ဆောင်ရွက်ဖို့ ဗြိတိန်အစိုးရက ဖိအားပေးသင့်ကြောင်း ဗြိတိန် ပါလီမန် နိုင်ငံခြားရေး ကော် မတီက တိုက်တွန်းခဲ့ပါတယ်။

ဗြိတိန်ပါလီမန် အဆောက်အဦးပုံ Photo: Wikipedia

လာမယ့် နှစ်အတွင်း မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်မလာဘူးဆိုရင် EU ဥရောပသမဂ္ဂ အနေနဲ့ ပိတ်ဆို့ဒဏ်ခတ်အရေးယူ တာတွေ ပြန်လည် ဆောင်ရွက်ဖို့ ဗြိတိန်အစိုးရက ဖိအားပေးသင့်ကြောင်း ဗြိတိန် ပါလီမန်နိုင် ငံခြားရေး ကော်မတီက တိုက်တွန်းခဲ့ပါတယ်။

နိုဝင်ဘာ ၂၈ ရက်နေ့ ရက်စွဲ နဲ့ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ တိုက်တွန်းခဲ့တာပါ။

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေဟာ ကျေနပ်ဖွယ်ရာ မရှိဘဲ ဖြစ်နေဆဲမို့ မြန်မာအစိုးရအနေနဲ့ လာမယ့် ၁၂ လ ကျော် ကာလအတွင်း အခြေအနေ တိုးတက်မှု မရှိဘူးဆိုရင် ဥရောပသမဂ္ဂရဲ့ ပိတ်ဆို့ဒဏ်ခတ် မှုတွေ ပြန်လုပ်ဖို့ ဗြိတိန်အစိုးရ က အပြင်းအထန် တိုက်တွန်းပေးဖို့ တောင်းဆိုကြောင်း ဗြိတိန် ပါလီမန် နိုင်ငံခြားရေးရာ ကော်မတီ ရဲ့ အစီရင်ခံစာ မှာ ဖော်ပြထားပါတယ်။

ဗြိတိန်အစိုးရဟာ မြန်မာ နဲ့ကုန်သွယ်စီးပွား ဆက်ဆံရေး တိုးတက်လာဖို့ အလေးပေးလွန်းနေကြောင်း မြန်မာ့ အရေး လှုပ်ရှားနေကြသည့် အဖွဲ့အစည်းတွေက ဝေဖန်ခဲ့ကြပြီး၊ မြန်မာ့လက်ရှိ အခြေအနေတွေ ကို ထောက်ပြ ပြောဆိုခဲ့ကြပြီး တဲ့နောက် ဗြိတိန် ပါလီမန် နိုင်ငံခြားရေးရာ ကော်မတီက အစီရင်ခံစာ ထုတ်ပြန် လိုက်တာ ဖြစ် ပါတယ်။

အခုလို ကော်မတီရဲ့ အစီရင်ခံစာ ထွက်ပေါ်လာတာဟာ ဗြိတိန် ကုန်သွယ်ရေး ကော်မတီရဲ့ “မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်ငန်းသစ်များ လုပ်ကိုင်ခြင်း”ဆိုတဲ့ စာတမ်းထွက်လာချိန် နဲ့ တိုက်ဆိုင်နေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org