တောင်ဥက္ကလာမှာ ဗုံးပေါက်ပြီး တစ်ဦး သေဆုံး

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ ၁၄ ရပ်ကွက် စီမံကိန်း ၁ နဲ့ ၂ အကြား တံတားအောက်က မြောင်းမှာ ရေခဲသေတ္တာအဟောင်းတစ်ခုကနေ ပေါက်ကွဲပြီး လူငယ်တစ်ဦး သေဆုံးခဲ့ပါတယ်။

ရန်ကုန် တောင်ဥက္ကလာပမြို့နယ်ကို ၂၀၂၁ ဒီဇင်ဘာ ၁၀ ရက်နေ့က တွေ့ရစဉ်

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ ၁၄ ရပ်ကွက် စီမံကိန်း ၁ နဲ့ ၂ အကြား တံတားအောက်က မြောင်းမှာ ရေခဲသေတ္တာအဟောင်းတစ်ခုကနေ ပေါက်ကွဲပြီး လူငယ်တစ်ဦး သေဆုံးခဲ့ပါတယ်။

ဒီဇင်ဘာ ၂၇ ရက် မနေ့ညနေပိုင်းက ရေထဲမြောလာတဲ့ အဲဒီရေခဲသေတ္တာအဟောင်းကို လူငယ်နှစ်ဦး ဆယ်ယူရင်းပေါက်ကွဲခဲ့လို့ အသက် ၂၀ ခန့် လူငယ်တစ်ဦး နေရာမှာတင် သေဆုံးပြီး တစ်ဦး ဒဏ်ရာရ သွားတယ်လို့ အနီးအနားနေသူတွေက ပြောပါတယ်။

အဲဒီလူငယ်နှစ်ဦးဟာ ပစ္စည်းအဟောင်းတွေ လိုက်ကောက်ပြီး ဝမ်းရေးအတွက် ဖြေရှင်းနေကြသူတွေလို့လည်း ပြောကြပါတယ်။

ပေါက်ကွဲမှုဖြစ်ပြီး မကြာခင်မှာပဲ စစ်ကောင်စီတပ်သားတွေ ရောက်လာပြီး စစ်ဆေးမေးမြန်းတာတွေ လုပ်ခဲ့သလို သေဆုံးသူနဲ့ ဒဏ်ရာရသူကိုလည်း လူနာတင်ယာဉ်တွေနဲ့ ဆေးရုံကိုခေါ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်တာလဲဆိုတာ RFA က သီးခြားအတည် မပြုနိုင်သေးပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org