နိုင်ငံခြားဘဏ်တွေ စက်တင်ဘာမှာ ဖွင့်ခွင့်ရပြီ

မြန်မာနိုင်ငံမှာ နိုင်ငံခြားဘဏ်တွေ လာရောက် ရင်းနှီးမြှုပ်နှံလုပ်ကိုင်ခွင့် လိုင်စင်တွေကို လာမယ့်စက်တင်ဘာလ မှာ ချပေးဖို့ စီစဉ်နေတယ်လို့ မြန်မာနိုင်ငံ ဗဟိုဘဏ် ကပြောပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံခြားဘဏ်တွေ လာရောက် ရင်းနှီးမြှုပ်နှံလုပ်ကိုင်ခွင့် လိုင်စင်တွေကို လာမယ့်စက်တင်ဘာလ မှာ ချပေးဖို့ စီစဉ်နေတယ်လို့ မြန်မာနိုင်ငံ ဗဟိုဘဏ် ကပြောပါတယ်။

ဗဟိုဘဏ် ဒုတိယ အုပ်ချုပ်ရေးမှူး ဦးဆက်အောင် က လွှတ်တော်အမတ်တွေကို နေပြည်တော်မှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့တာပါ။ ပွင့်လင်းလာတဲ့ မြန်မာနိုင်ငံမှာ လာရောက်လုပ်ကိုင်လိုတဲ့ နိုင်ငံခြားဘဏ်တွေ များပြားပါတယ်။

ဒါပေမဲ့ တရားဝင် လုပ်ကိုင်ခွင့်မရရှိသေးတဲ့အတွက် ရန်ကုန်မှာ ရုံးခွဲသာ လာရောက်ဖွုင့်လှစ်ထားရတဲ့ နိုင်ငံခြားဘဏ်ပေါင်း အခုထိ ၃၆ ခု ရှိပါတယ်။

စက်တင်ဘာလမှာ နိုင်ငံခြားဘဏ်တွေ လာရောက် ရင်းနှီးမြှုပ်နှံလုပ်ကိုင်ခွင့် လိုင်စင်တွေချပေးမယ်ဆိုပေမဲ့ ကန့်သတ်ချက်တချို့တော့ရှိကြောင်း၊ လုပ်ငန်းခွင့်ပြုချက်ရတဲ့ နိုင်ငံခြားဘဏ်ဟာ အနည်းဆုံး အမေရိကန် ဒေါ်လာ ၇၅ သန်း မတည်ရမှာဖြစ်ပြီး၊ မြန်မာနိုင်ငံအတွင်း ဘဏ်ခွဲတစ်ခုသာ ဖွင့်ခွင့်ပြုမယ်လို့ ဦးဆက်အောင် က ပြောပါတယ်။ဒါကလည်း ပြည်တွင်းဘဏ်တွေကို အကာအကွယ်ပေးတဲ့သဘောဖြစ်တယ်လို့ ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org